၂၀၂၃ ခုနှစ် မြစ်ဝါမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-08-24 13:57:22


WeChat Image_20230824154107.jpg



မြစ်ဝါမြစ်သည် တရုတ်လူမျိုးတို့၏ မိခင်မြစ် ဖြစ်ပြီး (၅၄၆၄) ကီလိုမီတာ ရှည်လျားသည်။ နှစ်ပေါင်း (၅၀၀၀) ကျော် သမိုင်းကြောင်းယဉ်ကျေးမှုများ၊ တစ်မူထူးခြားသည့် သဘာဝရှုမြင်ကွင်းများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ဖြစ်တည်နေပါသည်။ မြစ်ဝါမြစ်သည် ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့် (Qinghai-Tibet Pleateau) ရှိ Bayan Har Mountains မှ မြစ်ဖျားခံပြီး မြက်ခင်းလွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းတောင်တန်းများ၊ မြေပြန့်လွင်ပြင်နှင့် ချိုင့်ဝှမ်းများကို ဖြတ်သန်းစီးဆင်းလျက် ရှိသည်။  မဟာတံတိုင်းနှင့် ပြိုင်လျက်အနေအထားဖြင့် ဖြစ်တည်စီးဆင်းနေပြီး နောက်ဆုံးတွင် ပင်လယ်ထဲသို့ စီးဝင်သွားသည်။ မြစ်ဝါမြစ်ခရီးစဉ်တွင် တရုတ်ယဉ်ကျေးမှု၏ မူလဇာစ်မြစ်နှင့် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များ၊ ပိုးလမ်းမကြီးထက်ရှိ များပြားစုံလင်လှသော ယဉ်ကျေးမှုများ အပြန်အလှန် နှီးနှောဖလှယ်မှု၊ ရှေးဟောင်းမြို့ကြီးများ၏ စည်ပင်ဝပြောမှုနှင့် မြစ်ကို အမှီပြုနေထိုင်သည့် လူမှုဘဝအကြောင်းများကို လေ့လာနိုင်မည်ဖြစ်သည်။ မြစ်ဝါမြစ်သည် ယနေ့ထက်တိုင် မြို့ပြနှင့် ကျေးလက်များ၏ အရေးပါသော ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်။ မြစ်ဝါမြစ်ခရီးစဉ်မှတစ်ဆင့် တရုတ်နိုင်ငံ၏ အလှတရားများကို ရှုစားကြရန် ဖိတ်ခေါ်အပ်ပါသည်။


WeChat Image_20230824154111.jpg