“သဘာဝပသာဒ ယန်စီမြစ်အလှ” ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များ တင်ဆက်ခြင်း - ကျန်းရှီးပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး မိတ်ဆက်ဗီဒီယိုအတို
ကျန်းရှီးပြည်နယ်၏ မြင်ကွင်းပုံရိပ်အလှ
ဤဗီဒီယိုသည် အမြင်အာရုံ၊ အကြားအာရုံ၊ အထိအတွေ့အာရုံ စသည့် အာရုံခံစားမှုရှုထောင့် (၃)ခုမှနေ၍ ကျန်းရှီးပြည်နယ်(Jiangxi)အကြောင်း စပ်ဆိုထားသည့် ကဗျာစာသားများကို ခံစားချက်၊ ကဗျာရသဆန်မှု၊ ပြီးပြည့်စုံသော ရုပ်ပုံအရည်အသွေးတို့နှင့် ပြောင်မြောက်စွာ ပေါင်းစပ်ထားပြီး ကျန်းရှီးပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များ၏ ထူးခြားမှုအလှရသများကို အသက်ဝင်စွာ သရုပ်ဖော်တင်ဆက်ထားပါသည်။
ကဗျာဆန်သော ကျိုကျန်းမြို့
九江,简称“浔”,古称浔阳、柴桑、江州,是一座有着2200多年历史的国家文化名城。《诗说九江》是九江市文化和旅游宣传片。共分为4个篇章:【山之悠】【江之阔】【湖之韵】【城之梦】。呈现出世界级文化旅游目的地——九江举世无双的景观奇绝,无与伦比的自然生态,灿若星河的历史文化。
ကျိုကျန်းမြို့ (Jiujiang) ကို “ရွှင် (Xun)” ဟုလည်း အတိုကောက် ခေါ်ဆိုပြီး ရှေးယခင်က ရွှင်ယန် (Xunyang) ၊ ချိုင်ဆန်း (Chaisang) ၊ ကျန်းကျိုး (Jiangzhou) ဟူ၍လည်း ခေါ်ဆိုခဲ့သည်။ ယင်းမြို့သည် နှစ်ပေါင်း (၂၂၀၀) ကျော် သမိုင်းကြောင်းရှိသော အမျိုးသားယဉ်ကျေးမှု အထင်ကရမြို့ ဖြစ်သည်။ “ကဗျာဆန်သော ကျိုကျန်းမြို့” သည် ကျိုကျန်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး မိတ်ဆက်ဗီဒီယို ဖြစ်ပြီး “အပန်းဖြေတောင်တန်း” ၊ “မြစ်ပြင်ကျယ်” ၊ “ကန်ရေပြင်” ၊ “အိပ်မက်ဆန်ဆန်မြို့” စသဖြင့် အပိုင်းကဏ္ဍ(၄)ခု ပိုင်းခြားထားသည်။ ယင်းဗီဒီယိုသည် ကမ္ဘာ့အဆင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနေရာဖြစ်သော ကျိုကျန်းမြို့၏ အံ့မခန်းဖွယ် ရှုခင်းအလှများ၊ သာလွန်ကောင်းမွန်သော သဘာဝဂေဟစနစ်နှင့် ထည်ဝါသော သမိုင်းကြောင်းယဉ်ကျေးမှုတို့ကို တင်ဆက်ပြသထားပါသည်။