“သဘာဝပသာဒ ယန်စီမြစ်အလှ” ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များ တင်ဆက်ခြင်း - လည်ပတ်လေ့လာ ယန်စီမြစ်ကြော ဟူပေမှာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-07-08 13:46:38


WeChat Image_20230710101104.jpg


ဟူပေပြည်နယ်(Hubei)သည် တရုတ်နိုင်ငံ၏ အလည်ဗဟိုတွင် တည်ရှိပြီး ယန်စီမြစ် ဖြတ်သန်းစီးဆင်းသော ကီလိုမီတာ ထောင်ချီကျယ်ဝန်းသည့် တစ်ခုတည်းသောပြည်နယ် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း (၂)သန်းခန့်က Jianshi လူများမှ လွန်ခဲ့သော နှစ်ပေါင်း (၁)သန်းခန့်က Yunxian လူများ၊ လွန်ခဲ့သော နှစ်ပေါင်း (၂)သိန်းခန့်က Changyang လူများ၊ လွန်ခဲ့သော နှစ်ပေါင်း (၁)သိန်းခန့်က Huanglong cave လူများ၊ လွန်ခဲ့သော နှစ်ပေါင်း (၅)သောင်းမှ (၂)‌သောင်းအတွင်းရှိ Hanyang လူများအထိ ဟူပေပြည်နယ်တွင် ယန်စီမြစ်ယဉ်ကျေးမှုများ စဉ်ဆက်မပြတ် ရှိခဲ့ပါသည်။ ယန်စီမြစ်ယဉ်ကျေးမှုဆိုင်ရာ ဗီဒီယိုအတိုများကို အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုပြီး ဟူပေပြည်နယ်ရှုခင်းများကို လေ့လာကြရန် ဖိတ်ခေါ်အပ်ပါသည်။


WeChat Image_20230710104707.jpg


Zenghouyi ခေါင်းလောင်းအစုံလိုက်သည် ယနေ့တိုင် ကမ္ဘာပေါ်တွင် ရှာဖွေတွေ့ရှိရသမျှအနက် အခမ်းနားဆုံးနှင့် အကြီးမားဆုံးသော ဂီတတူရိယာ ဖြစ်သည်။ ၎င်းကို ရှေးခေတ် “အဋ္ဌမမြောက်အံ့ဖွယ်” ဟူ၍ တင်စားခေါ်ဝေါ်ကြသည်။ တရုတ်ချင်ခေတ်မတိုင်မီအချိန် ဂီတယဉ်ကျေးမှုနှင့် ကြေးသွန်းလောင်းမှုအတတ်ပညာ၏ အမြင့်ဆုံးရလဒ်အဖြစ် သတ်မှတ်ပြီး တရုတ်ယဉ်ကျေးမှုနှင့် Jingchu ယဉ်ကျေးမှုတို့ ထွန်းကားစေရေးအတွက် အထောက်အပံ့ ဖြစ်သည်။ ယင်းဗီဒီယိုတွင် Zenghouyi ခေါင်းလောင်းသမိုင်းနှင့် အရေးပါပုံအကြောင်းများကို ဖော်ပြထားပါသည်။


WeChat Image_20230710104709.jpg


ဟူပေပြည်နယ်သည် တရုတ်သမိုင်းတွင် လက်ဖက်ခြောက် အဓိက ထုတ်လုပ်သည့်နေရာ ဖြစ်ပြီး ယခင်က တရုတ်တစ်နိုင်ငံလုံး၏ လက်ဖက်ရွက်တင်ပို့ရာ ဂိတ်သုံးဂိတ်အနက် တစ်ဂိတ်ဖြစ်သည်။ En Shi Yu Lu Jade Dew ၊ Li Chuan Hong ၊ Yang Lou Dong ကဲ့သို့ လက်ဖက်ခြောက်ခဲများသည် ပြည်တွင်းပြည်ပတွင် နာမည်ကျော်သော လက်ဖက်ခြောက်အမျိုးအစားများ ဖြစ်သည်။ ယင်းဗီဒီယိုတွင် ဟူပေပြည်နယ်ရှိ လှပသော လက်ဖက်ခင်းများနှင့် ထူးခြားသော လက်ဖက်ခြောက်ပြုလုပ်နည်းများကို တင်ဆက်ထားပြီး ဟူပေပြည်နယ် လက်ဖက်ခြောက်ယဉ်ကျေးမှု ခရီးစဉ်လမ်းကြောင်းနှင့် “လက်ဖက်သခင်” ဟု သတ်မှတ်ခေါ်ဝေါ်ရသော လုယွီ (Lu Yu)  အား ကိုယ်စားပြုသည့် လက်ဖက်ခြောက်ယဉ်ကျေးမှုအကြောင်းများကို မိတ်ဆက်ရင်း “လက်ဖက်ရည်လမ်း (The Tea Road)” ဟူပေပြည်နယ်အပိုင်း ၏ ယဉ်ကျေးမှုဓလေ့နှင့် ရှု‌မျှော်ခင်းများကို တင်ဆက်ထားပါသည်။


WeChat Image_20230710104712.jpg


ယန်စီမြစ်နှင့် အကြီးဆုံးမြစ်ကြော ဟန့်ကျန်းမြစ် (Hanjiang) တို့သည် ဝူဟန်မြို့တွင် လာဆုံကြပြီး မြစ်နှစ်စင်း ကမ်းလေးဖက်ရှုခင်း ဖြစ်ပေါ်လာပါသည်။ ၁၉၉၈ ခုနှစ်မှစ၍ ဝူဟန်မြို့တွင် “မြစ်နှစ်စင်း ကမ်းလေးဖက်” သောင်ပြင်ကမ်းရေကြီးမှု ကာကွယ်ရေးနှင့် ပတ်ဝန်းကျင်ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ဟန့်ခိုသောင်ပြင်ကမ်း (Hankou) ၊ ဝူချန်းသောင်ပြင်ကမ်း (Wuchang) ၊ ဟန့်ယန်သောင်ပြင်ကမ်း (Hanyang) ၊ ချင်းရှန်းသောင်ပြင်ကမ်း (Qingshan) ၊ ချောင်းခိုသောင်ပြင်ကမ်း (Qiaokou) (ဟန့်ကျန်းသောင်ပြင်ကမ်း (Hanjiang)) နှင့် ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ဟုန်ရှန်းသောင်ပြင်ကမ်း (Hongshan) တို့ကို ပြုလုပ်ပြီးစီးသွားပြီဖြစ်၍ မြို့နေပြည်သူများ အပန်းဖြေစရာ နေရာများစွာ တိုးပွားလာပါသည်။ ဤဗီဒီယိုသည် ဝူဟန်မြို့ ဟန့်ကျန်းသောင်ပြင်ကမ်း တည်ဆောက်ရေးအမြင်၊ လက်ရှိအနေအထား၊ လုပ်ဆောင်နိုင်မှုများနှင့် ယန်စီမြစ်ကမ်းနှစ်ဖက်ရှိ အပန်းဖြေမြို့ရှုခင်းများကို တင်ဆက်ထားပါသည်။


WeChat Image_20230710104715.jpg


တရုတ်နိုင်ငံမှ သုတေသနပြု ဆောက်လုပ်သည့် “ယန်စီမြစ်သုံးသွယ် ၁ (the Yangtze River Three Gorges 1)” အပျော်စီး စွမ်းအင်သစ် လျှပ်စစ်သင်္ဘောသည် ယခုလက်ရှိ ကမ္ဘာပေါ်တွင် ပါဝါအကြီးဆုံးနှင့် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများကို အသုံးပြုထားသည့် စွမ်းအင်သစ် လျှပ်စစ်သင်္ဘော ဖြစ်သည်။ ကာဗွန်ထုတ်လွှတ်မှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်လျှော့ချပေးနိုင်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်္ဘော ဖြစ်ပြီး “လျှပ်စစ်စွမ်းအင်အသွင် ယန်စီမြစ်” အဖြစ် ဆောင်ရွက်ခြင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ဆောင်ရွက်မှုအပိုင်းများတွင် လက်တွေ့ကျသော လုပ်‌ဆောင်မှုများ ရှိပါသည်။ ဤဗီဒီယိုသည် “ယန်စီမြစ်သုံးသွယ် ၁ (the Yangtze River Three Gorges 1)” ကို အကြောင်းခံ၍ ယန်စီမြစ် အစိမ်းရောင်ဂေဟစနစ် ခရီးသွားလာရေးနှင့် ယန်စီမြစ်လျှိုမြောင်သုံးသွယ် ခရီးသွားလာရေးလမ်းကြောင်း၏ ခရီးသွားအတွေ့အကြုံအသစ်များကို ဖော်ပြတင်ဆက်ထားပါသည်။


ဟူပေပြည်နယ် အနောက်တောင်ဘက်သို့ ကွေ့ကောက်စွာ စီးဆင်းသည့် ချင်းကျန်းမြစ်(Qingjiang)သည် ထူကျားတိုင်းရင်းသား(Tujia)တို့၏ မိခင်မြစ် ဖြစ်သည်။ ချင်းကျန်းမြစ်ဝှမ်းဒေသသည် ထူကျား၊ မြောင် အစရှိသည့် တိုင်းရင်းသားမျိုးနွယ်စုတို့ စုဝေးနေထိုင်ရာ ဖြစ်ပြီး များပြားစုံလင်သော တိုင်းရင်းဓလေ့များနှင့် အံ့မခန်းဖွယ် သဘာဝရှုမြင်ကွင်းများ ဖြစ်တည်နေပါသည်။ ယင်းဗီဒီယိုတွင် ပျိုမေများမြို့(Tujia Girl’s Town)ရှိ ထူကျားတိုင်းရင်းသား ရိုးရာဓလေ့ထုံးတမ်းများကို အဓိကထား တင်ဆက်ထားပါသည်။ ထူကျားတိုင်းရင်းသားနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအကြောင်းကို မိတ်ဆက်ပြီး တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ကျေးလက်ဒေသအလှများကို တင်ဆက်ထားပါသည်။


WeChat Image_20230710104719.jpg


ဇီကွေ့ကောင်တီ(Zigui)သည် နဂါးလှေလှော်ပြိုင်ပွဲတော်ယဉ်ကျေးမှုနှင့် ချွီယွမ်ယဉ်ကျေးမှု(Qu Yuan)တို့ အစပြုရာနေရာ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဇီကွေ့ကောင်တီဒေသခံများသည် ချွီယွမ်၏ မျိုးချစ်စိတ်နှင့် နဂါးလှေလှော်ပြိုင်ပွဲတော် ရိုးရာဓလေ့တို့ကို ပေါင်းစည်းကာ နဂါးလှေလှော်ပြိုင်ပွဲတော်အား ထက်သန်သော မျိုးချစ်စိတ်နှင့် ကဗျာဆန်ဆန် ပုံရိပ်အသွင်များဖြင့် ပြည့်စုံစေပါသည်။ ဤဗီဒီယိုတွင် ကောက်ညှင်းထုပ်ထုပ်ခြင်း၊ နဂါးလှေလှော်ပြိုင်ခြင်းနှင့် အမွှေးထုပ်ချိတ်ဆွဲခြင်း စသည့် နဂါးလှေလှော်ပြိုင်ပွဲတော်ဓလေ့များကို တင်ဆက်ပြသထားပါသည်။ ထို့အပြင် စုံလင်များပြားလှသော ဇီကွေ့ကောင်တီ နဂါးလှေလှော်ပြိုင်ပွဲတော် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ၊ တရုတ်အငွေ့အသက်များ ပါရှိသော နဂါးလှေလှော်ပြိုင်ပွဲတော် ယဉ်ကျေးမှု၊ ခမ်းနားလှပသော ယန်စီမြစ်လျှိုမြောင်သုံးသွယ်ရှုခင်းများနှင့် ဒေသခံပြည်သူများ၏ ပျော်ရွှင်ဖွယ် လူနေမှုဘဝတို့ကိုလည်း တင်ဆက်ထားပါသည်။