“သဘာဝပသာဒ ယန်စီမြစ်အလှ” ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များ တင်ဆက်ခြင်း - ခံစားငြိတွယ် ဟူပေအလှဝယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-07-08 13:30:32


WeChat Image_20230710101104.jpg


ဟူပေပြည်နယ် (Hubei) သည် တရုတ်နိုင်ငံ၏ အလယ်ပိုင်းတွင် တည်ရှိပြီး ယန်စီမြစ် မြစ်အလယ်ပိုင်းရှိ ဒေသတစ်ခုဖြစ်ကာ တရုတ်နိုင်ငံ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများကိုသာမက အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများကိုလည်း ဆက်သွယ်ပေးထားပါသည်။ ယင်းပြည်နယ်၏ မြို့တော် ဝူဟန်မြို့ (Wuhan) သည် ယန်စီမြစ်နှင့် ၎င်း၏ အကြီးဆုံးမြစ်လက်တက်ဖြစ်သော ဟန်မြစ် (Han) တို့ ဆုံရာနေရာတွင် တည်ရှိသည်။ ဝူဟန်မြို့သည် ရှေးယခင်ကတည်းကပင် “ပြည်နယ် (၉) ခုတို့ ဆုံရာမြေ” ဆိုသည့် ဂုဏ်ပုဒ်ရှိပြီး ယခုအခါတွင် တရုတ်နိုင်ငံ၏ အရေးပါသော ရေလမ်း၊ ကုန်းလမ်းနှင့် လေကြောင်းလမ်း အစရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ၏ အချက်အချာနေရာတစ်ခု ဖြစ်လာသည်။ ဟူပေပြည်နယ်သည် သမိုင်းကြောင်း ရှည်ကြာပြီး ယဉ်ကျေးမှု ဂုဏ်ရှိန်ကြီးမားကာ လူသားမျိုးနွယ် ယဉ်ကျေးမှုများ အစပြုရာနေရာ၊ တရုတ်ယဉ်ကျေးမှုများ ပေါ်ပေါက်ဖြစ်တည်ရာနေရာ၊ “ချူ”ယဉ်ကျေးမှု (Chu Culture) စတင်ဖြစ်ထွန်းရာနေရာနှင့် ထွန်းကားရာနေရာလည်း ဖြစ်သည်။ ထို့အပြင် သဘာဝအသွင် အလှအပနှင့် ရှုမျှော်ခင်းများမှာလည်း ထူးခြားဆန်းပြားလှပါသည်။ ယင်းအစီအစဉ်မှတစ်ဆင့် ဟူပေပြည်နယ်၏ တောတောင်ရေမြေ သဘာဝရှုခင်းများ သာယာလှပမှုနှင့် “ရေကန်ပြည်နယ်” ဟု တင်စားခေါ်ဝေါ်ကြသော ဟူပေပြည်နယ်၏ သက်ဝင်လှုပ်ရှားနေမှု အလှတရားများကို ထင်ဟပ်ပေါ်လွင်စွာ တွေ့မြင်နိုင်ပါသည်။ ဟူပေပြည်နယ်သို့ တစ်ခါတစ်ခေါက်လောက် အရောက်လှမ်းလာဖို့ နွေးထွေးပျူငှာစွာ ဖိတ်ခေါ်ပါရစေရှင်။