၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “လေ့လာဖွေရှာ ဆန်းရှီးအလှအပအဖြာဖြာ” ယဉ်ကျေးမှုခရီးသွား ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - ဖွေဖွေရှာရှာ သူလေ့လာ (အပိုင်း - ၂)
ဤအစီအစဉ်သည် ဖွံ့ဖြိုးတိုးတက်နေဆဲ ဆန်းရှီးပြည်နယ် (Shanxi) အကြောင်းများကို အင်္ဂလန်နိုင်ငံသား Rees ၏ ရှုထောင့်အမြင်မှနေ၍ ပေါ်လွင်စွာ ဖော်ပြတင်ဆက်ထားပါသည်။ ဤအစီအစဉ်သည် သင့်အား ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်မြို့ (Taiyuan) ၊ တာ့ထုံမြို့ (Datong) ၊ ကျင့်ကျုံးမြို့ (Jinzhong) ၊ လင်ဖန်မြို့ (Linfen) ၊ ယန်ချွမ်မြို့ (Yangquan) နှင့် ရှော့ကျိုးမြို့ (Shuozhou) များသို့ ခေါ်ဆောင်ကာ ဆန်းရှီးပြည်နယ်၏ အသစ်အဆန်းများကို တွေ့မြင်ခံစားစေပြီး ဆန်းရှီးပြည်နယ် ထူးခြားချက်များကို လေ့လာသိရှိစေမည် ဖြစ်ပါသည်။
“အစိမ်းရောင်” ဓာတ်အားပေးစက်ရုံ
ဤနေရာရှိ ဓာတ်အားပေးစက်ရုံတွင် ဝန်ထမ်းများကို မတွေ့ရပေ။ စက်ရုံအပြင်ဘက်၌ သီးပင်စားပင်များကို အပြည့်စိုက်ပျိုးထားပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို အဖျော်ယမကာ ထုတ်လုပ်ရာတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သေးသည်။ ထိုအကြောင်းအရင်းများကို အဖြေရှာရန်အတွက် ကာဗွန်ထုတ်လွှတ်မှု ရပ်တန့်ရေးနှင့် ကင်းစင်ရေး ရည်မှန်းချက်အရ အပူစွမ်းအင်သုံးစက်ရုံလုပ်ငန်းများ၏ အစိမ်းရောင်စွမ်းအင် မြှင့်တင်ဆောင်ရွက်မှုများကို Rees နှင့်အတူ လေ့လာကြရမည် ဖြစ်ပါသည်။
အဆင့်မြင့်ကုတ်မီးသွေးဖို
ကုတ်မီးသွေးဖိုများ ရှိရာနေရာတွင် လုပ်ကိုင်နေစရာမလိုဘဲ ဗဟိုထိန်းချုပ်ကွပ်ကဲရေးစင်တာတွင် Click တစ်ချက်နှိပ်ရုံဖြင့် ကုတ်မီးသွေးထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်သည့် “One-Click-Coking” နည်းပညာအသစ်ကို ဤဗီဒီယိုမှတစ်ဆင့် လေ့လာသိရှိနိုင်မည် ဖြစ်သည်။ 5G+ နည်းပညာ၏ လုံခြုံမှု၊ စွမ်းဆောင်ရည်မြင့်မားမှု၊ ထူးကဲပြောင်မြောက်မှုများအား အဆင့်မြှင့်တင်ထားသည့် လုပ်ဆောင်ချက်များကို လေ့လာရှုစားလိုက်ကြရအောင်။