"သွားကြစို့၊ တရုတ်နိုင်ငံသို့" - မော့ကောင်း(Mogao)လိုဏ်ဂူအား ကိုယ်ပေါ်၌ ဆင်မြန်းခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-03-11 12:59:27


ဗီဒီယိုကို China Daily Website မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



WeChat Image_20220304092303.jpg


ဤဗီဒီယိုသည် ပိုးလမ်းမကို အဓိကအကြောင်းအရာအဖြစ် ထားရှိ၍ နိုင်ငံခြားသားတစ်ဦးဖြစ်သည့် အစီအစဉ်တင်ဆက်သူ Kevin Cook ၏ တရုတ်နိုင်ငံရောက် ယဉ်ကျေးမှုခရီးစဉ်ကို နားလည်လွယ်အောင် ဖော်ပြတင်ဆက်ထားပါသည်။ ဘေးလူတစ်ယောက်၏ ရှုထောင့်အမြင်ဖြင့် Kevin ၏ ကိုယ်တွေ့အတွေ့အကြုံများမှတစ်ဆင့် တရုတ်ရိုးရာယဉ်ကျေးမှု၏ လက်ဆင့်ကမ်းအမွေဆက်ခံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အပြင် ခေတ်သစ်ယဉ်ကျေးမှု၏ ဆန်းသစ်တီထွင်မှုရလဒ်နှင့် အသက်ဝင်မှုတို့ကို ထင်ရှားစွာ တင်ဆက်ပြသထားပါသည်။


WeChat Image_20220311101144.png


အကယ်၍ သင်သည် ကုလားအုတ်ကို စီး၍ လေနှင့်အတူ လွင့်ပါလာသော သဲပွင့်များကြား ဖြတ်သန်းကာ တွန်းဟွမ်(Dunhuang) ဟုခေါ်သော နေရာကို ရောက်ခဲ့ဖူးပါက တွန်းဟွမ် မော့ကောင်း(Mogao)လိုဏ်ဂူတွင် ကွယ်မြုပ်သိမ်းဆည်းထားသော နှစ်ပေါင်းရာထောင်ချီသက်တမ်းရှိ ဒဏ္ဍာရီဇာတ်ကြောင်းများကို အံ့အားသင့်ပြီး ကြုံဆုံသူတိုင်းကို တိတ်တိတ်လေး ပြောပြနေပေလိမ့်မည်သာ ဖြစ်သည်။


WeChat Image_20220311101148.png


ကောင်းကင်ယံထက် ပျံဝဲနေသော နတ်များ၊ ကိုးရောင်သမင်၊ မှန်ကူကွက်မျက်နှာကြက်၊ ဘုရားပုံတော်… ထိုကဲ့သို့ ဒီဇိုင်းပုံများ ဖန်တီးသော အဝတ်အစားဒီဇိုင်းပညာရှင်များသည် ဖိတ်ခေါ်ဆော်ဩသံများကို ကြားရပြီး မော့ကောင်း(Mogao)လိုဏ်ဂူ၏ ပြောင်မြောက်မှုနှင့် ပြိုင်ဖက်ကင်းအလှတရားများကို ခံစားမိကာ ၎င်းတို့၏ မြင်တွေ့မှုများကို ပိုးထည်အဝတ်အစားဖန်တီးမှုများမှတစ်ဆင့် အသစ်တစ်ဖန် ပြန်လည်ဖော်ဆောင် ပြသထားပါသည်။


WeChat Image_20220311101151.png


ယခုတစ်ခေါက် တွေ့ဆုံမှုနှင့် ရှာဖွေမှုများကြား Kevin အား စောင့်ဆိုင်းနေသည်မှာ သူ၏ ကိုယ်ပိုင်ပြပွဲစင်မြင့်ပင် ဖြစ်ပေသည်။


WeChat Image_20220311101154.png

WeChat Image_20220304092327.jpg