“သာယာလှပ တရုတ်- မြန်မာရသ၊ နက်ရှိုင်းချစ်ခင် ပေါက်ဖော်သံယောဇဉ်” ဓာတ်ပုံပြပွဲ (အပိုင်း-၂)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:31:57

图片


တရုတ်-မြန်မာနှစ်နိုင်ငံသည် ပထဝီမြေချင်းနီးစပ်ပြီး ပြည်သူ အချင်းချင်း ချစ်ခင်ရင်းနှီးကာ ယဉ်ကျေးမှုချင်း ဆက်စပ် နီးစပ်လျက်ရှိသည့် ပေါက်ဖော်သံယောဇဉ်မှာ နှစ်ပေါင်းထောင်ချီထိတိုင်အောင် ဆက်လက်တည်မြဲနေဆဲဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူချင်း စိတ်ချင်းဆက်လျက်ရှိသည့် နက်ရှိုင်းသောသံယောဇဉ် နှင့် အေးအတူပူအမျှနေထိုင်ခဲ့ကြသည့် အဖိုးတန်လှသော ရိုးရာဓလေ့အစဉ်အလာကို ဖော်ဆောင်လျက်ရှိပါသည်။ ယခုနှစ်သည် တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၇၀ ပြည့် ဖြစ်သည်။ တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း အထိမ်းအမှတ်နေ့ဖြစ်သည့် ဇွန်လ ၈ ရက်နေ့မှစတင်၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ အပတ်စဉ် တနင်္လာနေ့တိုင်း “သာယာလှပ တရုတ်-မြန်မာရသ၊ နက်ရှိုင်းချစ်ခင် ပေါက်ဖော်သံယောဇဉ်” ဓာတ်ပုံပြပွဲကို စုစုပေါင်း (အပိုင်း-၃ပိုင်း) ဖြင့် ဖော်ပြပြီး တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်ခြင်းနှစ် ၇၀ ပြည့်အား ခမ်းနားစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ဤဓာတ်ပုံပြပွဲတွင် တရုတ်နှင့်မြန်မာနှစ်နိုင်ငံ၏ စစ်မှန်သောသဘာဝရှုခင်းများ၊ သက်ဝင်လှုပ်ရှားလျက်ရှိသောလူနေမှုဘဝများ၊ အရောင်အသွေးစုံလင်လှသောလူ့ယဉ်ကျေးမှုစနစ်များအပြင် ဥာဏ်ပညာပြည့်စုံကြွယ်ဝကာ ဝီရိယရှိရှိ ကြိုးစားတက်ကြွသော နှစ်နိုင်ငံပြည်သူချင်း စိတ်ချင်းဆက် လက်ချင်းယှက်၍ အတူလက်တွဲရေးဆွဲလျက်ရှိသော ပေါက်ဖော်ချစ်ကြည်ရေး သမိုင်းကဏ္ဍသစ်တစ်ရပ်ကို လှစ်ဟပြသသွားမည်ဖြစ်ပါသည်။ 




ဓာတ်ပုံများကို Xinhua သတင်းဌာန၊ VCG နှင့် China Pictorial တို့မှ ကူးယူတင်ဆက်ခြင်း ဖြစ်ပါသည်။


图片

图片

图片

图片

图片

图片

图片

图片

图片

图片

图片

图片

图片

图片