ဓာတ်ပုံလက်ရာစုစည်းတောင်းခံခြင်း - သင့်အမြင်ထဲက တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-08-17 16:56:25


WeChat Image_20210816125846.jpg


"The Four Stunning Seasons of China – Your Perspective"


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ မိတ်ဆွေများအား တရုတ်နိုင်ငံခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းဝက်ဘ်ဆိုက်နှင့် ပေကျင်းရှင်းလွီ အင်တာနေရှင်နယ်မီဒီယာကုမ္ပဏီလီမိတက်တို့ ဦးစီးကျင်းပသည့် ဓာတ်ပုံလက်ရာစုစည်းတောင်းခံခြင်းလှုပ်ရှားမှုပွဲတွင် ပါဝင်ရန်နှင့် ၂၀၂၁ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့မတိုင်မီ ဖော်ပြထားသော လိုအပ်ချက်များနှင့် သတ်မှတ်အဆင့်များအတိုင်း ဓာတ်ပုံလက်ရာများကို ပေးပို့ပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။


ယခုတစ်ခေါက်လှုပ်ရှားမှုပွဲသည် တရုတ်နိုင်ငံ၏ ခရီးသွားရှုခင်းများ၊ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အပျော်ခရီးထွက်ခြင်း စသည့် ကဏ္ဍလေးရပ်ခေါင်းစဉ်ဖြင့် ပြည်တွင်းပြည်ပမှ ကိုယ်ပိုင်ဖန်တီးမှုလက်ရာများကို စုစည်းတောင်းခံခြင်း ဖြစ်ပြီး နောက်ဆုံးတွင် ဓာတ်ပုံ(၄၀)ပုံ/စုံကို “သင့်အမြင်ထဲက တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဆန်ခါတင်လက်ရာအဖြစ် ရွေးချယ်သွားမည် ဖြစ်ပါသည်။ ဆန်ခါတင်လက်ရာများသည် “တရုတ်နိုင်ငံခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းဝက်ဘ်ဆိုက်” မှ ချီးမြှင့်သည့် ဆန်ခါတင်စာရင်းဝင်ဂုဏ်ပြုလွှာနှင့် ဦးစီးကျင်းပသည့် အဖွဲ့အစည်းမှ ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေ တရုတ်ယွမ်ငွေ (၅၀၀) ကို ရရှိမည် ဖြစ်ပါသည်။


WeChat Image_20210816125917.jpg


၁။ ပေးပို့မှုလိုအပ်ချက်


(က)ဓာတ်ပုံတစ်ပုံတည်းဖြစ်စေ၊ ဓာတ်ပုံအစုံလိုက်(၄ပုံမှ ၈ပုံ)ဖြစ်စေ ပေးပို့နိုင်ပါသည်။

(ခ)ရိုက်ကူးသည့် စက်ပစ္စည်းအား ကန့်သတ်ထားခြင်း မရှိပါ။ Single-lens reflex (SLR)၊ လက်ကိုင်ဖုန်း၊  ဝေဟင်ထက်မှ ရိုက်ကူးခြင်းများအား လက်ခံပါသည်။ 

(ဂ)ပေးပို့သည့် ဓာတ်ပုံသည် jpg format ဖြစ်ရမည်။ တစ်ပုံတည်းဓာတ်ပုံ၏ အရွယ်အစားသည် 5MB ထက် ကြီးရမည်။

(ဃ)ပေးပို့သည့်အခါတွင် စာလုံးအရေအတွက် (၁၅၀)လုံးဝန်းကျင်ရှိသော ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကိုပါ ပေးပို့ဖော်ပြရမည်။


၂။ ပြိုင်ပွဲအဆင့်ဆင့်


(က)ပေးပို့ခြင်း - ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ မိမိ၏ ဓာတ်ပုံလက်ရာကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသို့ အီးမေးလ်ပေးပို့နိုင်ပြီး ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကိုယ်စား ပေးပို့ပေးပါမည်။ 

(ခ)ခင်းကျင်းပြသခြင်း - အကဲဖြတ်ကော်မတီအဖွဲ့မှ ကနဦးရွေးချယ်လိုက်သည့် လက်ရာများကို “တရုတ်နိုင်ငံ - အလှဆုံးလေးရာသီ” လက်ရာစုစည်းတောင်းခံခြင်းလှုပ်ရှားမှုပွဲ H5 ၏ “လက်ရာခင်းကျင်းပြသခြင်း” အပိုင်းတွင် ဖော်ပြထားမည် ဖြစ်သည်။

(ဂ)အကဲဖြတ်မှုကြေညာခြင်း - နိုဝင်ဘာလ (၁)ရက်နေ့ဝန်းကျင်တွင် တရုတ်နိုင်ငံခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းဝက်ဘ်ဆိုက် (www.travelchina.org.cn) ၌ နောက်ဆုံး ဆန်ခါတင်စာရင်းဝင်လက်ရာများကို ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပြီး သက်ဆိုင်ရာ မီဒီယာများနှင့် လူမှုကွန်ရက်ပလက်ဖောင်းပေါ်တွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။


၃။ ဓာတ်ပုံစုစည်းတောင်းခံမှု အသေးစိတ် စည်းမျဉ်းစည်းကမ်းများ


(က)ပေးပို့ယှဉ်ပြိုင်သူသည် ပေးပို့သည့်လက်ရာ၏ အလုံးစုံ မူပိုင်ခွင့်ရှိခြင်း (သို့) ခင်းကျင်းပြသသည့် လက်ရာ၏ မူပိုင်ခွင့်အသိအမှတ်ပြုခွင့်ပြုချက် ရှိရမည်။

(ခ)ပေးပို့သည့် လက်ရာသည် ကိုယ်ပိုင်ဖန်တီးမှုဖြစ်ရန် လိုအပ်ပြီး Third Party၏ ဖန်တီးမှုမူပိုင်ခွင့်၊ ပုံတူမူပိုင်ခွင့်၊ ဂုဏ်သိက္ခာမူပိုင်ခွင့်၊ အချက်အလက်လုံခြုံမှုမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အစရှိသည့် အခြားသော မူပိုင်ခွင့်ဥပဒေများကို မထိပါးစေရပါ။ ပေးပို့သည့် လက်ရာတွင် လူပုဂ္ဂိုလ်ပါလျှင် Third Party ၏ သဘောတူညီလက်ခံမှု ရှိရမည်ဖြစ်ပြီး လိုအပ်ပါက ဖော်ပြကြေညာစာ ရေးသားဖော်ပြပေးရမည်။

(ဂ)ဆန်ခါတင်စာရင်းဝင်လက်ရာများကို စီးပွားရေးနှင့် အကျိုးအမြတ်အတွက် မဟုတ်သည့် ပြည်ပသို့ ယဉ်ကျေးမှုပြန့်ပွားစေခြင်းနှင့် ခရီးသွားလာရေးမြှင့်တင်ခြင်းများအတွက် အသုံးပြုသွားမည် ဖြစ်ပြီး ထို့အတွက် သီးသန့်အနုပညာကြေး ထပ်မံ ပေးအပ်မည် မဟုတ်ပေ။ 

(ဃ)“တရုတ်နိုင်ငံ - အလှဆုံးလေးရာသီ” ၏ အကဲဖြတ်ကော်မတီသည် ပြိုင်ပွဲ၏ နောက်ဆုံးရှင်းပြပိုင်ခွင့် ရှိသည်။


၄။ ဆက်သွယ်ရန်


အီးမေးလ် - cccygn@chinaculture.org

ဖုန်း - ၀၉၄၄၂၆၂၇၁၄၇


ad3eab8dcaee5c48665ada7138eb2d41.jpg


(ပုံများကို အင်တာနက်မှ ကူးယူဖော်ပြပါသည်။)