ဤ WeChat Account ကို မှတ်သားပေးပါရန် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ Official WeChat Account အသစ်အား စတင်မိတ်ဆက်ခြင်း
တရုတ်-မြန်မာ နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ယဉ်ကျေးမှုများ အပြန်အလှန် ဖလှယ်ကြသည်မှာလည်း နှစ်ပေါင်းများစွာရှည်လျားကြာမြင့်ပြီဖြစ်သည်။ တရုတ်-မြန်မာနှစ်နိုင်ငံအကြားရှိ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ယဉ်ကျေးမှု ဖလှယ်ခြင်းများမှာလည်း တစ်နေ့တခြား တိုးပွားမြင့်မားလာသည်။ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ပူးပေါင်း ဆောက်ရွက်မှုများမှာ အောင်မြင်မှုရလဒ်ကောင်းများ ရရှိနေပြီဖြစ်သည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ (China Cultural Center in Yangon) ကို ၂၀၁၈ခုနှစ် ဇူလိုင်လတွင် တရားဝင်စတင်ဖွင့်လှစ်ခဲ့ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း တစ်ခုလည်း ဖြစ်သည်။ တရုတ်-မြန်မာနှစ်နိုင်ငံ ရိုးရာယဉ်ကျေးမှုနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး၏ ရလဒ်ကောင်းများကို ပိုမိုကောင်းမွန်စွာ မိတ်ဆက်ပေးရန်၊ နှစ်နိုင်ငံပြည်သူလူထုများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုများ တိုးပွားစေရန်၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးများ ပိုမိုတိုးတက်မြင့်မားစေရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ တရားဝင် Wechat Account ကို စတင်ဖွင့်လှစ်လိုက်ပါသည်။
တရုတ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသော နယ်ပယ်အသီးသီးမှ မိတ်ဆွေများကို ဤ Wechat Account အား Follow လုပ်ရန် ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်အပ်ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ တရားဝင်အကောင့်တွင် စင်တာ၏လှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ ကြေညာပေးသွားမည်ဖြစ်ပြီး၊ တရုတ်နှင့်မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုများကိုလည်း မိတ်ဆက်ပေးကာ တရုတ်နှင့်မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမူဝါဒ ဦးတည်ချက်လမ်းစဉ်များကို ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပါသည်။
မိတ်ဆွေများအနေနှင့် အထက်တွင်ဖော်ပြထားသော QR Code ကို Scan ဖတ်၍သော်လည်းကောင်း၊ Search Box တွင် “仰光中国文化中心”နှင့် “cccyangon” ဟူ၍ ရိုက်နှိပ်ရှာဖွေ၍သော်လည်းကောင်း follow လုပ်နိုင်ပါသည်။
ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ
အကြောင်းအရာမိတ်ဆက်
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်အစိုးရမှ မြန်မာနိုင်ငံတွင် အခြေစိုက် လာရောက် ဖွင့်လှစ်ထားသော တရားဝင်ယဉ်ကျေးမှု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ (Yunnan People's Government) တို့မှ ပူးပေါင်းတည်ထောင်ထားခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရတို့သည် “ယဉ်ကျေးမှုစင်တာ အပြန်အလှန်ထူထောင်မှုဆိုင်ရာ သဘောတူစာချုပ်” ကို ပေကျင်းမြို့တွင် ချုပ်ဆိုခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ နိုင်ငံခြာရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဝမ်ယီနှင့် မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး သူရဦးအောင်ကိုတို့သည် မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ ဆိုင်းဘုတ်ကို အတူတကွဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး မျက်မြင်သက်သေပြု ပေးခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ဦးစီးဌာနနှင့် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊နိုင်ငံတကာ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတို့မှ ပူးပေါင်းတာဝန်ယူစီမံပြီး ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ဦးစီးဌာနမှ အသေးစိတ် လက်တွေ့စီစဉ်ဆောင်ရွက်ပါသည်။ စင်တာ၏ အဓိကလုပ်ဆောင်ချက်များတွင် “တရုတ်နိုင်ငံအခြေအနေများအား မိတ်ဆက်ပေးခြင်း၊ ယဉ်ကျေးမှုလှုပ်ရှားမှုပွဲများ၊၊ လူမှုယဉ်ကျေးမှုဖလှယ်ဆက်ဆံခြင်းများ၊ ခရီးသွားလာရေးမိတ်ဆက်ပွဲများ၊ လုပ်ငန်းများကြော်ငြာမိတ်ဆက်ခြင်း၊ သင်တန်းများသင်ကြားပို့ချခြင်း၊ သတင်းအချက်အလက်ဝန်ဆောင်မှုများ”ဟူသည့် အခန်းကဏ္ဍ (၇) ရပ် ပါဝင်သည်။ စင်တာတည်ထောင်ခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်လူမျိုးများ၏ ထူးခြားပြောင်မြောက်သော ယဉ်ကျေးမှုများကို ကမ္ဘာဆီသို့ ဦးတည်လျှောက်လမ်းနိုင်စေရန်၊ ပြည်ပယဉ်ကျေးမှု ဖလှယ်ရေးလမ်းကြောင်း၊ ပုံစံနှင့် အဆင့်များကို ပိုပြီး ကြွယ်ဝပြည့်စုံလာနိုင်စေရန်၊ တရုတ်-မြန်မာအကြား ယဉ်ကျေးမှု အပြန်အလှန်နည်းနာယူခြင်းများ ပိုမိုတိုးမြှင့်နိုင်စေရန်၊ တရုတ်-မြန်မာနိုင်ငံ ပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရန်တို့ ဖြစ်သည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် မြန်မာနိုင်ငံ၊ရန်ကုန်မြို့၊အလုံမြို့နယ်၏ အဓိကအချက်အချာကျသောနေရာတွင် တည်ရှိပြီး (၁၃၄၂) စတုရန်းမီတာ ကျယ်ဝန်းပါသည်။စင်တာတွင် ပြခန်းမ၊ Multimedia ခန်း၊ စာကြည့်တိုက်၊ စာသင်ခန်း အစရှိသည်တို့ ပါဝင်ဖွဲ့စည်းထားပြီး အသေးစားဖျော်ဖြေတင်ဆက်မှုပွဲများ၊ ပြပွဲများ၊ သင်တန်းများ၊ ဟောပြောဆွေးနွေးပွဲများ၊ သတင်းအချက်အလက် ဝန်ဆောင်မှုများ အစရှိသည်တို့ ကျင်းပပြုလုပ်နိုင်ပြီး တရုတ်ယဉ်ကျေးမှုများကို အရှိန်အဟုန်မြင့်မားစွာ တိုးမြှင့်လုပ်ဆောင်သွားနိုင်ပြီး တရုတ်နှင့်မြန်မာနှစ်နိုင်ငံ လူမှုဆက်ဆံရေးများကို ထင်ဟပ်ဖော်ပြစေနိုင်သော ပလက်ဖောင်းအသစ်တစ်ခု ဖြစ်ပေသည်။
လက်ရှိတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် ယဉ်ကျေးမှုပွဲမျိုးစုံကို ပုံမှန်ကျင်းပနေပြီဖြစ်ကာ တရုတ်ဘာသာစကား၊ ယဉ်ကျေးမှုအနုပညာ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၊ ဝူရှူး၊ တိုင်းရင်းဆေးပညာ၊ အချက်အပြုတ်သင်တန်းများ အစရှိသည့် သင်တန်းများကို အများပြည်သူတို့အတွက် ဖွင့်လှစ်ပေးထားပါသည်။ စင်တာရှိ စာကြည့်တိုက်ကိုလည်း အများပြည်သူများအတွက် ဖွင့်လှစ် ပေးထားပြီး အမျိုးအစားအမျိုးမျိုးသော ပြပွဲများကိုလည်း စဉ်ဆက်မပြတ် ကျင်းပလျက်ရှိကာ အပတ်စဉ် စနေနေ့ တိုင်းတွင်လည်း တရုတ်ရုပ်ရှင်များကို ပြသပေးလျက်ရှိပြီး အတွေးအခေါ်၊ အယူအဆပိုင်းဆိုင်ရာ နှီးနှောဖလှယ်ဆက်ဆံရေးလှုပ်ရှားမှုပွဲမျိုးစုံကို အလျဉ်းသင့်သလို ကျင်းပပြုလုပ်လျက်ရှိပါသည်။ တရုတ်နိုင်ငံ၏ ထူးခြားပြောင်မြောက်သော ယဉ်ကျေးမှုပြပွဲများမှ တစ်ဆင့် မြန်မာပြည်သူများအား တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ နည်းပညာ၊ လူမှုရေးအစရှိသည့် ကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနားလည်သိရှိလာစေပါသည်။ တစ်ချိန်တည်းမှာပင် တရုတ်ပြည်သူများနှင့် ခရီးသွား ဧည့်သည်များအနေနှင့်လည်း မြန်မာနိုင်ငံ၏ သမိုင်းနှင့် ယဉ်ကျေးမှုများကို သိရှိစေနိုင်သော ပလက်ဖောင်းတစ်ခုလည်းဖြစ်ပေသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ
လူကြီးမင်းများအား လှိုက်လှဲစွာ ကြိုဆိုပါ၏။