ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ ၂၀၂၅ ခုနှစ် နွေရာသီ “တရုတ်သီချင်းဆိုသင်တန်း” အတွက် သင်တန်းသားများ စတင်ခေါ်ယူနေပါပြီ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2025-03-12 17:59:33


သင်က တေးဂီတကို နှစ်သက်သူတစ်ဦးလား?  တရုတ်သီချင်းတွေကို သင်ယူလိုပါသလား? 

 

အားလုံးစောင့်မျှော်နေကြတဲ့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာရဲ့ ၂၀၂၅ ခုနှစ် နွေရာသီ “တရုတ်သီချင်းဆိုသင်တန်း”ကို မကြာခင် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီသင်တန်းမှာ ဘာသာစကားသင်ယူမှုနဲ့ တေးဂီတလေ့ကျင့်မှုတိုကို ပေါင်းစပ်သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် ဂီတဝါသနာအိုးလေးတွေအတွက် တကယ့်ကို သတင်းကောင်းလေးတစ်ခုပါပဲ။ 


သင်တန်းရဲ့ ထူးခြားချက်အနေနဲ့


✅ တရုတ်သီချင်း သီဆိုဟန် နည်းစနစ်များ

 (သီချင်းသံစဉ်နှင့် စည်းချက်ကို နားလည်ပြီး ချောမွေ့ပြေပြစ်စွာ သီဆိုတတ်ရန်)

✅ လူကြိုက်များသော တရုတ်တေးသီချင်းများကို လေ့လာသီဆိုခြင်း

  (လူကြိုက်များတဲ့ တရုတ်သီချင်းကောင်းများကို လွယ်လွယ်ကူကူ သီဆိုနိုင်ရန်)

✅ သီချင်းစာသားများကို လေ့လာခြင်း

  (တရုတ်သီချင်းစာသားအဓိပ္ပာယ်ကို နားလည်ပြီး တင်ဆက်ပုံကို လေ့လာနိုင်ရန်)

✅ တေးဂီတပိုင်းဆိုင်ရာ လေ့ကျင့်ခြင်း

  (ခံစားချက် ပေါ်လွင်ပြီး စင်မြင့်ထက် တင်ဆက်ပြသမှုစွမ်းရည်ကို တိုးတက်စေကာ ယုံကြည်မှုရှိရှိ သီဆိုတတ်ရန်) စတဲ့ အကြောင်းအရာတွေကို လေ့ကျင့်သင်ကြားပေးသွားမှာပါ။


ဒီတော့ တရုတ်သီချင်း သီဆိုရင်း တရုတ်ဘာသာစကားကိုပါ လေ့လာသင်ယူနိုင်မယ်၊ သီဆိုတင်ဆက်မှုစွမ်းရည်ကိုလည်း တိုးတက်စေမယ်၊ တရုတ်တေးဂီတယဉ်ကျေးမှုကိုလည်း လေ့လာခံစားရစေမှာဆိုတော့ ဂီတဝါသနာအိုးလေးတွေ အမြန်ဆုံးလာရောက်ပြီး စာရင်းပေးသွင်းနိုင်ပါပြီနော်။


学唱中文歌 02.png