၂၀၂၂ ခုနှစ် “မြန်မာနိုင်ငံသားအမြင်ထဲက တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော်” အစီအစဉ်ကျင်းပမှု အောင်မြင်စွာ ပြီးမြောက်ခြင်းနှင့်အတူ ဆုရပြိုင်ပွဲဝင်များမှ တရုတ်ယဉ်ကျေးမှုဆိုင်ရာ အမှတ်တရလက်ဆောင်များ လက်ခံရရှိခြင်း
“ရွှေရောင်လွှမ်းသော ဆောင်းဦးချိန်ခါ၊ အောင်မြင်မှုအသီးအပွင့်များဝေဆာ” ဟူ၍ ပြောစမှတ်ပြုကြပါသည်။ “မြန်မာနိုင်ငံသားအမြင်ထဲက တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော်” ဗီဒီယိုအတိုများ စုဆောင်းလက်ခံခြင်းအစီအစဉ်၌ ပေးပို့ပါဝင်ခဲ့ကြသော ဆုရဗီဒီယို (၁၀) ခု၏ ပြိုင်ပွဲဝင်များအတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စက်တင်ဘာလ (၂၉) ရက်နေ့မှစတင်၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရဆုလက်ဆောင်ပစ္စည်းများ ပေးပို့ခဲ့ပြီး အချိန် (၂၂) ရက်တာ ကြာမြင့်ခဲ့သော ယင်းအစီအစဉ်သည်လည်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ၎င်းအစီအစဉ်သည် ၂၀၂၂ ခုနှစ် “ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား” ခေါင်းစဉ်အောက်ရှိ လှုပ်ရှားမှုအစီအစဉ်နှင့် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကဏ္ဍတွဲအစီအစဉ်များအနက်မှ တစ်ခုအပါအဝင်ဖြစ်၍ တရုတ်ယဉ်ကျေးမှု၏ အနှစ်သာရကြွယ်ဝမှုများကို မြန်မာပြည်သူများအား မျှဝေမိတ်ဆက်ပေးသွားကာ မြန်မာပြည်သူပြည်သားများနှင့်အတူ တရုတ်ရိုးရာပွဲတော်ကို အတူတကွ ကျင်းပရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ပေးအပ်သော အမှတ်တရ ဆုလက်ဆောင်ပစ္စည်းများ
၎င်းအစီအစဉ်ကို ဗီဒီယိုလက်ရာများ စုဆောင်းလက်ခံခြင်း၊ အကဲဖြတ်ရွေးချယ်ခြင်း၊ ဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာခြင်း၊ ဗီဒီယိုလက်ရာများ ထုတ်လွှင့်တင်ဆက်ခြင်းနှင့် အမှတ်တရဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ခြင်းဟူ၍ အဆင့်(၅)ဆင့်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအစီအစဉ်သည် မြန်မာနိုင်ငံရှိ ဒေသပေါင်းစုံ၊ အသက်အရွယ် အပိုင်းအခြားအသီးသီးမှ အွန်လိုင်းသုံးစွဲသူများ၏ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှုအားပေးမှုနှင့် တက်ကြွစွာ ပါဝင်မှုများကို ရရှိခဲ့ပါသည်။ ရန်ကုန်မှ ပြိုင်ပွဲဝင်များအပြင် မန္တလေးတိုင်းဒေသကြီး၊ တောင်ကြီးမြို့နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များလည်း ဤအစီအစဉ်တွင် ပေးပို့ပါဝင်ခဲ့ကြသည်။ စင်တာမှ ဆုရပြိုင်ပွဲဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် တရုတ်ယဉ်ကျေးမှုဆိုင်ရာ အမှတ်တရ ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ပြီး ယင်းအမှတ်တရလက်ဆောင်များသည် တရုတ်ရိုးရာယဉ်ကျေးမှု၏ လေးနက်ကျယ်ပြန့်မှုများကိုလည်း ပေါ်လွင်နေစေပါသည်။ ထို့အပြင် စင်တာမှ ဤအစီအစဉ်တွင် ပေးပို့ပါဝင်ခဲ့ကြသော ပြိုင်ပွဲဝင်တစ်ဦးတစ်ယောက်ချင်းစီကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းနှင့် အားပေးဂုဏ်ပြုပါကြောင်း ဖော်ပြခဲ့ပါသည်။
ပေကျင်းအော်ပရာပြဇာတ်မျက်နှာဖုံးနှင့် တရုတ်ရိုးရာကြိုးထုံးပန်းဖွား USB Flash Drive
ယခုတစ်ကြိမ် ကျင်းပသော အစီအစဉ်သည် မြန်မာပြည်သူများ၏ တရုတ်ယဉ်ကျေးမှုအပေါ် နှစ်သက်မှုကို ထင်ဟပ်ဖော်ပြနေပြီး မြန်မာပြည်သူများအနေဖြင့် တရုတ်ယဉ်ကျေးမှုအကြောင်း ဖော်ပြတင်ဆက်နိုင်သည့် ပလက်ဖောင်းတစ်ခုပင်ဖြစ်ကာ ဒေသခံများ၏ စောင့်မျှော်ကြည့်ရှုအားပေးမှုများစွာကို ရရှိခဲ့ပါသည်။ ဤအစီအစဉ်သည် တရုတ်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရန်နှင့် မြန်မာ-တရုတ်ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူခြင်းနှင့် မျှဝေဖလှယ်မှုများအတွက်လည်း အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။
၂၀၂၂ ခုနှစ် “မြန်မာနိုင်ငံသားအမြင်ထဲက တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော်” ဆုရပြိုင်ပွဲဝင်များ
ယခုတစ်ပတ်တွင် ဆုရပြိုင်ပွဲဝင်တို့၏ ပုံရိပ်များကို ရွေးချယ်ပြီး အထူးကဏ္ဍတစ်ရပ်အနေဖြင့် မျှဝေတင်ဆက်ပေးသွားမည်ဖြစ်သဖြင့် အားလုံးပဲ အတူတကွ ကြည့်ရှုလိုက်ကြရအောင်လားရှင့်။ (ဓာတ်ပုံအစဉ်လိုက်ဖော်ပြချက်တွင် အဆင့်သတ်မှတ်ချက်မရှိပါ)။
Nang Yu Thandar Min(瞿玉民)
Naing Wai Soe(刘蓝天)、Lway Kyi Thar Htet(雷喊闷)
金光学院(G.E.S.C Chinese Language Center)
顺达语言中心
ရွှင်သာ ဘာသာစကားသင်တန်းကျောင်း
Han Su Lin(胡敏敏)
小小王国线上教学课堂(Little Empire Chinese Online Class)
Phyu Sin Thant(段绍妃)、Phyu Shin Thant(段绍宣)
欢乐汉语教育中心 (Joy Chinese Language Centre)
Myintzu(戴美玲)、Thet Htar Hlaing(林爱华)、Phoo Pwint Thinn(曹玉玲)
天鼎教育中心 (Zenith Education Centre)
Sein Lin(赵永涛)
Thein Htike Soe
Yin Yin Aye(周淑英)、Zin Myo Tun(周淑玲)
明慧教育中心(Future Knowledge Languages Center)