“ယဉ်ကျေးမှုသံတမန်ငယ်” ပြိုင်ပွဲအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ရန် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ မြန်မာလူငယ်လေးများအား စီစဉ်ဖိတ်ခေါ်ခဲ့ခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-10-15 13:53:44


WeChat Image_20221017105729.jpg


ယဉ်ကျေးမှုသည် အပြန်အလှန် နှီးနှောဖလှယ်ခြင်းနှင့် လေ့လာသင်ယူခြင်းတို့မှတစ်ဆင့် အသွင်စုံလင်လာပါသည်။ လူငယ်လူရွယ်လေးများသည် ယဉ်ကျေးမှုသံတမန်များ ဖြစ်သကဲ့သို့ ကမ္ဘာလောကကြီး၏ အနာဂတ်လည်း ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံများမှ လူငယ်များအကြား အပြန်အလှန် ဆက်ဆံရေးနှင့် နားလည်မှုများ မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (China Soong Ching Ling Foundation) သည် “ချစ်ကြည်ရေးပေါင်းကူးတံတား ယဉ်ကျေးမှုသံတမန်များ” ဟူသည့် ဆောင်ပုဒ်ကို ဦးတည်၍  “ယဉ်ကျေးမှုသံတမန်ငယ်” လှုပ်ရှားမှုပွဲကို ၂၀၂၀ ခုနှစ်မှစတင်၍ ဆက်တိုက်ကျင်းပလျက် ရှိပါသည်။ တရုတ်-မြန်မာ လူငယ်လေးများအကြား အပြန်အလှန် ယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်ရန်နှင့် တရုတ်-မြန်မာနှစ်နိုင်ငံ၏ ရိုးရာမပျက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ပိုမိုခိုင်မာတိုးတက်စေရန်အလို့ငှာ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် မြန်မာလူငယ်လေးများအား ဤလှုပ်ရှားမှုအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ရန် အားတက်သရော ဖိတ်ခေါ်ခဲ့ပါသည်။


WeChat Image_20221017105734.jpg

၂၀၂၂ ခုနှစ်၏ “ယဉ်ကျေးမှုသံတမန်ငယ်” ပြိုင်ပွဲဝင် (၁၀)ဦး


WeChat Image_20221017105737.jpg

၂၀၂၀ ခုနှစ်တွင် ထူးချွန်ဆုရရှိခဲ့သော ပြိုင်ပွဲဝင် Kyaw Zin Thant ၏ “ကပ်ရောဂါကာကွယ်ရေး၊ တို့များစတင်လုပ်ဆောင်ပေး”ဗီဒီယိုမှ ပုံရိပ်


မြန်မာလူငယ်လေးများကလည်း ဤအစီအစဉ်တွင် စိတ်ဝင်တစား ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ၂၀၂၀ ခုနှစ်တွင် ရန်ကုန်မြို့မှ ပြိုင်ပွဲဝင် Kyaw Zin Thant သည် “Covid-19 တိုက်ပွဲအစ တို့များမှ - ကမ္ဘာတစ်ဝန်းမှ ကလေးလူငယ်များ အွန်လိုင်းပုံပြောပြိုင်ပွဲ” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော “ယဉ်ကျေးမှုသံတမန်ငယ်” ပြိုင်ပွဲအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲဝင် Kyaw Zin Thant မှ မြန်မာ-တရုတ် နှစ်နိုင်ငံ၏ စည်းလုံးညီညွတ်စွာ ကပ်ရောဂါတွန်းလှန်အောင်နိုင်ရေး ဘုံရည်ရွယ်ချက်ကို အားကြိုးမာန်တက် ပြောဆိုဖော်ပြခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးမှ ကပ်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်မှုများအတွက် အားပေးစကား ပြောကြားခဲ့သည့် ယင်းဗီဒီယိုသည် ထူးချွန်ဆုအဖြစ် ရွေးချယ်ခံခဲ့ရပါသည်။


WeChat Image_20221017105740.jpg

ပြိုင်ပွဲဝင် Eaint Hmue Thakhin မှ တရုတ်အနုပညာအကြောင်း တင်ဆက်ခြင်း


၂၀၂၂ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်များ ယခင်ကထက် ပိုမိုများပြားလာကာ ပေးပို့ယှဉ်ပြိုင်သည့် ဗီဒီယိုများသည်လည်း ပို၍ပင် အသွင်စုံလင်လာပါသည်။ Eastern Language & Business Centre (ELBC) မှ Kuyouen နှင့် Pwint Kay Khine ၊ Myanmar International Education Center (MIEC) မှ Phone Pyae Aung Maw ၊ Khant Si Aung နှင့် Thuy Shun Lei Tun ၊ Glory Hope Education Centre မှ Phoo Pyae Pyae Sone ၊ Eaint Hmue Thakhin ၊ Nyan Linn Myat ၊ Thet Nandar Zaw နှင့် Khant Zay Ya စုစုပေါင်း ပြိုင်ပွဲဝင် ကျောင်းသားလူငယ် (၁၀)ဦးတို့သည် “ကျွန်ုပ်အနှစ်သက်ဆုံး တရုတ်အနုပညာ” ခေါင်းစဉ်အောက်တွင် တရုတ်သီချင်းသီဆိုခြင်း၊ တရုတ်ဂန္ထဝင်အကဖြင့် ကပြတင်ဆက်ခြင်း၊ တရုတ်ရိုးရာပန်းချီရေးဆွဲခြင်း၊ တရုတ်စာမင်စုတ်ချက်လက်ရေးလှ ရေးသားခြင်း၊ တရုတ်ရိုးရာပန်းချီကားအကြောင်း ရှင်းလင်းပြောပြခြင်း၊ တရုတ်ထိုက်ကျီသိုင်းအကြောင်း ဝေမျှခြင်း၊ တရုတ်ရိုးရာကြွေထည်အကြောင်း မိတ်ဆက်ခြင်း၊ တရုတ်ပြဇာတ်တေးသီချင်းအော်ပရာအကြောင်း ဆွေးနွေးတင်ဆက်ခြင်း စသည့် အသွင်ပုံစံအမျိုးမျိုးဖြင့် တရုတ်ယဉ်ကျေးမှုများကို ဖော်ထုတ်ပြသကာ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို တင်ဆက်ဖော်ပြခဲ့ကြပါသည်။


WeChat Image_20221017105743.jpg

ပြိုင်ပွဲဝင် Phoo Pyae Pyae Sone မှ တရုတ်အကဖြင့် ကပြတင်ဆက်ခြင်း


WeChat Image_20221017105746.jpg

ပြိုင်ပွဲဝင် Pwint Kay Khine မှ တရုတ်သီချင်း သီဆိုခြင်း


WeChat Image_20221017105749.jpg

ပြိုင်ပွဲဝင် Thuy Shun Lei Tun ၏ တရုတ်ရိုးရာပန်းချီ ဖန်တီးရေးဆွဲမှု


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် စက်တင်ဘာလကုန်ပိုင်းတွင် ပြိုင်ပွဲဝင်ဗီဒီယိုလက်ရာများအား သတ်မှတ်စည်းကမ်းများနှင့်အညီ ကြီးမှူးကျင်းပသော ဌာနအဖွဲ့အစည်းသို့ ပေးပို့ပြီး ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များအားလုံး ရလဒ်ကောင်းများ ဆွတ်ခူးရရှိကြပါစေဟုလည်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆန္ဒမွန်ပြုအပ်ပါသည်။