“မြန်မာနိုင်ငံသားအမြင်ထဲက တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော်” ဗီဒီယိုအတိုများ စုဆောင်းလက်ခံခြင်းအစီအစဉ်တွင် ရွေးချယ်ခံရသူများစာရင်း ထုတ်ပြန်ခြင်း
ဆောင်းဦးလယ်လမုန့်ပွဲတော်သည် တရုတ်လူမျိုးများ၏ ရိုးရာပွဲတော်ဖြစ်ပြီး အဖိုးတန်ယဉ်ကျေးမှုအမွေအနှစ်တစ်ခုလည်း ဖြစ်ပေသည်။ ၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကဏ္ဍတွဲအစီအစဉ်များအနက်မှ တစ်ခုအပါအဝင်ဖြစ်သကဲ့သို့ “ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား” ခေါင်းစဉ်အောက်ရှိ လှုပ်ရှားမှုအစီအစဉ်တစ်ခုလည်းဖြစ်သည့် “မြန်မာနိုင်ငံသားအမြင်ထဲက တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော်” ဗီဒီယိုအတိုများ စုဆောင်းလက်ခံခြင်းအစီအစဉ်ကို စက်တင်ဘာလ (၇) ရက်နေ့မှ (၁၅) ရက်နေ့အထိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ မီဒီယာပလက်ဖောင်းများ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရွှင်သာ ဘာသာစကားသင်တန်းကျောင်း
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဤအစီအစဉ်ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဆောင်းဦးလယ်လမုန့်ပွဲတော်ချိန်ခါ၏ ပြန်လည်ဆုံစည်းကြခြင်း ဆုမွန်ကောင်းနှင့် တရုတ်ယဉ်ကျေးမှု၏ အနှစ်သာရကြွယ်ဝမှုများကို အင်တာနက်ကွန်ရက်မှတစ်ဆင့် မြန်မာနိုင်ငံသားများအား မျှဝေမိတ်ဆက်ပေးသွားရန်နှင့် မြန်မာနိုင်ငံရှိ ဒေသခံပြည်သူများ၏ ရှုထောင့်အမြင်နှင့် ပြောဆိုရေးသားချက်များဖြင့် တရုတ်ယဉ်ကျေးမှု၏ အလှတရားများကို တင်ဆက်ပြသလိုခြင်း ဖြစ်ပါသည်။
Naing Wai Soe(刘蓝天)
ယင်းအစီအစဉ်သည် မြန်မာနိုင်ငံရှိ ဒေသပေါင်းစုံ၊ အသက်အရွယ် အပိုင်းအခြားအသီးသီးမှ အွန်လိုင်းသုံးစွဲသူများ၏ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှုအားပေးမှုနှင့် တက်ကြွစွာ ပါဝင်မှုများကို ရရှိခဲ့ပါသည်။ စင်တာမှ ဗီဒီယိုလက်ရာ၏ ခေါင်းစဉ်အကြောင်းအရာနှင့်ကိုက်ညီမှု၊ တီထွင်ဖန်တီးမှု၊ ရိုက်ကူးတင်ဆက်ပုံ၊ တင်ဆက်မှုစွမ်းရည် အစရှိသည့် အချက်များအပေါ်အခြေခံ၍ ထူးချွန်ဗီဒီယိုလက်ရာ (၁၀)ခုကို ရွေးချယ်ထားပါသည်။
Nang Yu Thandar Min(瞿玉民)
Ma Myintzu(戴美玲)、Ma Thet Htar Hlaing(林爱华)、Ma Phoo Pwint Thinn(曹玉玲)
အစီအစဉ်အရ ရွေးချယ်ခံရသူများစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည် (နာမည်စာရင်းအစဉ်လိုက်ဖော်ပြချက်တွင် အဆင့်သတ်မှတ်ချက်မရှိပါ)။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ အထက်ပါဆုရွေးချယ်ခံရသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အချို့သောထူးချွန်ဗီဒီယိုများကို စင်တာ၏ မီဒီယာပလက်ဖောင်းများတွင် တင်ဆက်ပြသကာ ပရိသတ်များအား မျှဝေပေးသွားမည်ဖြစ်သည်။
Han Su Lin(胡敏敏)
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုအခြေအနေအပေါ် မူတည်၍ စက်တင်ဘာလ (၃၀)ရက်နေ့မတိုင်မီ ဆုပေးပွဲအခမ်းအနား ကျင်းပခြင်း (သို့မဟုတ်) ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်ပစ္စည်းများကို စာတိုက်မှတစ်ဆင့် အိမ်အရောက်ပေးပို့ခြင်းများကို စီစဉ်မည်ဖြစ်ကာ ယင်းအစီအစဉ်နှင့်စပ်လျဉ်း၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆုရွေးချယ်ခံရသူများကို ဖုန်းနှင့် အီးမေးလ်များဖြင့် ဆက်သွယ်အကြောင်းကြားသွားပါမည်။
Phyu Sin Thant(段绍妃)、Phyu Shin Thant(段绍宣)、Moe Myint Hein(段绍祥)
အထက်ပါဆုရွေးချယ်ခံရသူများအား လှိုက်လှဲစွာဂုဏ်ပြုပါကြောင်း ပြောကြားရင်း ဤအစီအစဉ်တွင် တက်ကြွစွာ ပါဝင်ခဲ့ကြသူအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ နောက်နောင်တွင်လည်း အခြားအခြားသော အစီအစဉ်ကောင်းများစွာကို ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်းနှင့် စင်တာအစီအစဉ်များကို ဆက်လက်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
Yin Yin Aye(周淑英)、Zin Myo Tun(周淑玲)等
Sein Lin(赵永涛)
Lway Kyi Thar Htet(雷喊闷)
Thein Htike Soe