“ယဉ်ကျေးမှုသံတမန်ငယ်” အတွက် စာရင်းပေးသွင်းချိန်ကို ထပ်မံတိုးမြှင့်လိုက်ပြီမို့ မြန်မြန်စာရင်းပေးသွင်းလိုက်ကြရအောင်။

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-13 14:28:18


WeChat Image_20220617100750.jpg


တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (China Soong Ching Ling Foundation) မှ ကြီးမှူးပြီး ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ တာဝန်ယူဆောင်ရွက်ကာ တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးမှုပေးသော ၂၀၂၂ ခုနှစ်အတွက် “ယဉ်ကျေးမှုသံတမန်ငယ်” လှုပ်ရှားမှုပွဲကို ယခုနှစ်ဇွန်လတွင် တရားဝင် စတင်ပြုလုပ်ခဲ့ပါသည်။ ယခုနှစ်တွင် “ကျွန်ုပ်အနှစ်သက်ဆုံး တရုတ်အနုပညာ” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပရှိ လူငယ်လေးများအား ဗီဒီယိုတင်ဆက်မှုပုံစံဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုများကို နှီးနှောဖလှယ်ပြီး စိတ်ဝင်စားဖွယ် အကြောင်းအရာများကို မိတ်ဆက်မျှဝေသွားရန် အားပေး၍ ဖိတ်ခေါ်လျက် ရှိပါသည်။ ယခုအချိန်တွင် တရုတ်နိုင်ငံ၌ နွေရာသီအားလပ်ရက်ဖြစ်သောကြောင့် ၎င်းလှုပ်ရှားမှုပွဲကို ယခုနှစ် စက်တင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်ကျင်းပသွားမည်ဖြစ်ရာ နာမည်စာရင်းမပေးသွင်းရသေးသော မြန်မာလူငယ်လေးများ ယင်းအခွင့်အရေးကို လက်လွှတ်မခံဘဲ မြန်မြန်ဆန်ဆန် စာရင်းပေးသွင်းလိုက်ကြရအောင်လားရှင်။


အသက် (၁၃) နှစ်မှ (၁၆) နှစ်ကြား မြန်မာလူငယ်လေးများ ဤ“ယဉ်ကျေးမှုသံတမန်ငယ်” လှုပ်ရှားမှုပွဲတွင်  ပိုမိုပါဝင်ဆင်နွှဲကာ ချစ်ကြည်ရေး၏ ပေါင်းကူးတံတားနှင့် ယဉ်ကျေးမှု၏ သံတမန်များအနေဖြင့် တရုတ်နှင့် မြန်မာလူငယ်များအကြား အပြန်အလှန် နှီးနှောဖလှယ်မှုနှင့် နားလည်သိရှိမှုတို့ကို တိုးမြှင့်လုပ်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် မျှော်လင့်မိပါသည်။


လှုပ်ရှားမှုပွဲနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ထုတ်ပြန်ခဲ့သော “ယဉ်ကျေးမှုသံတမန်ငယ် အနာဂတ်သို့ အတူလှမ်းမယ်” ကြေညာချက်တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။

https://www.yangonchinaculture.org.mm/myanmar/gonggaoxuanchuan/1194.html