ကျွန်မနှင့် တရုတ်နိုင်ငံရေစက် - ကွမ်ရှီးတိုင်းရင်းသားလူမျိုးစုတက္ကသိုလ်မှ မြန်မာနိုင်ငံသားဆရာမ ဒေါ်ဝတီသွင်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-12-19 12:31:36


ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ကွမ်ရှီးတိုင်းရင်းသားလူမျိုးစုတက္ကသိုလ် (Guangxi University for Nationalities) ၏ မြန်မာဘာသာဌာနတွင် တာဝန်ယူလုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားဖြစ်သူ ဆရာမ ဒေါ်ဝတီသွင်သည် စုံလင်များပြား၍ သွက်လက်ဖျတ်လတ်သည့် သင်ကြားမှုပုံစံ၊ ဖျော်ဖြေမှုများအနက်မှ သင်ယူလေ့လာသည့် သင်ကြားမှုပုံစံဖြင့် ကျောင်းသူကျောင်းသားများ၏ သင်ယူလိုစိတ်ကို လှုံ့ဆော်ပေးကာ ကောင်းမွန်သည့် သင်ကြားမှုရလဒ်များကို ရရှိထားပါသည်။ 



ဒေါ်ဝတီသွင်၏ မွေးနေ့တွင် ကျောင်းသူကျောင်းသားများအားလုံးသည် ဆရာမနေအိမ်သို့ သွားရောက်၍ မွေးနေ့ဂုဏ်ပြုခဲ့ကြသည်။ သူမက မြန်မာ့ရိုးရာအစားအစာကို လုပ်ကျွေးပြီး အားလုံးအား စိတ်ဘဝင်ကြည်နူး၍ ဝမ်းဝစေပါသည်။ ဒေါ်ဝတီသွင်က “ကျောင်းသူကျောင်းသားတွေက ကျွန်မအတွက် မွေးနေ့ပါတီပွဲကို ဒီလောက်စိတ်နှစ်ပြီး ပြင်ဆင်ပေးထားတော့ ကျွန်မ အရမ်းအံ့ဩပျော်ရွှင် ဖြစ်ရပါတယ်။ ကျွန်မတို့ရဲ့ မြန်မာဘာသာမိသားစုကြီးကို သိပ်ချစ်ပါတယ်။” ဟု ပျော်ရွှင်ဝမ်းမြောက်စွာ ပြောဆိုပါသည်။


WeChat Image_20211221091303.jpg


ဆရာမ ဒေါ်ဝတီသွင်သည် တရုတ်နိုင်ငံတွင် (၁၃) နှစ်ကြာပြီ ဖြစ်သည်။ သူမသည် WeChat ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ပြီး “တရုတ်နိုင်ငံအကြောင်း နှံ့စပ်ကျွမ်းကျင်သူ” တစ်ဦး ဖြစ်သည်။ သူမသည် တရုတ်ကျောင်းသူကျောင်းသားများအား စေတနာ၊ မေတ္တာထား၍ သင်ကြားပြသပေးပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးပေါင်းကူးတံတားကို ဆောက်လုပ်သွယ်တန်းပေးသည့် ဗိသုကာပညာရှင်တစ်ဦးပင် ဖြစ်ပေတော့သည်။