Cloud ရသခံစားမှု - “ချစ်စဖွယ်ကလေးမဇာတ်ကောင်” ကာတွန်းရုပ်ရှင်ဖြင့် တရုတ်ယဉ်ကျေးမှု အနှစ်သာရ ပေကျင်းအော်ပရာ၏ တိုးတက်မှုသမိုင်းလမ်းစဉ်ကို ပုံဖော်တင်ဆက်ခြင်း
ဤဗီဒီယိုကို တရုတ်နိုင်ငံယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကူးယူတင်ဆက်ခြင်း ဖြစ်ပါသည်။
ပေကျင်းအော်ပရာ အနုပညာရပ်တွင် ဆရာတစ်ဆူဖြစ်သော Mr. Mei Lanfang သည် ၁၉၃၀ ခုနှစ်ကတည်းကပင် ပေကျင်းအော်ပရာကို ကမ္ဘာသို့ မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါသည်။ ဤသို့ဖြင့် ပေကျင်းအော်ပရာ အနုပညာသည်လည်း ကမ္ဘာ့အနုပညာ ဖျော်ဖြေတင်ဆက်မှု ကဏ္ဍ (၃) ခုအနက်မှ တစ်ခုအဖြစ် အသိအမှတ်ပြု လေးစားခြင်း ခံခဲ့ရပါသည်။ ပေကျင်းအော်ပရာ၏ ဖွံ့ဖြိုးတိုးတက်လာမှုသည် တရုတ်ရိုးရာ အနုပညာ အသွင်သဏ္ဌာန် တိုးတက်ပြောင်းလဲလာခြင်း၏ ပုံရိပ်ပင် ဖြစ်ပါသည်။ ယနေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စိတ်ဝင်စားဖွယ် ကာတွန်းရုပ်ရှင်ဖြင့် ပေကျင်းအော်ပရာ၏ ဖြတ်သန်းလာခဲ့ရသည့် နှစ်(၇၀)တာ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းလမ်းစဉ်အား ပရိသတ်မိတ်ဆွေများထံသို့ မိတ်ဆက်လိုက်ပါသည်။ နှစ်(၇၀)အတွင်းတွင် ပေကျင်းအော်ပရာသည် တရုတ်နိုင်ငံတွင်သာရှိသော အဖိုးတန်အနုပညာမှသည် ကမ္ဘာနှင့် ချိတ်ဆက်ပေးသည့် တရုတ်ရိုးရာ ယဉ်ကျေးမှုသံတမန် ဖြစ်လာခဲ့ပါတော့သည်။
