မေလ (၁၈) ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာပြတိုက်နေ့ (International Museum Day) တွင် Onlineမှ တစ်ဆင့် တရုတ်နိုင်ငံအတွင်းရှိ ပြတိုက်များကို လေ့လာကြရအောင်
မေလ (၁၈) ရက်သည် နိုင်ငံတကာပြတိုက်နေ့ ဖြစ်ပါသည်။ ထိုနေ့ရောက်တိုင်း ကမ္ဘာပေါ်ရှိ နေရာအသီးသီး၌ရှိသော ပြတိုက်များသည် အမျိုးစုံလင်လှသော ဖြန့်ဝေကြေညာမှုများ၊ အမှတ်တရလှုပ်ရှားမှုများကို ကျင်းပပြုလုပ်လေ့ ရှိကြသည်မှာ ပြတိုက်အကြောင်းကို လူအများ ပိုမို သိရှိနားလည်လာစေရန်သာမက ပြတိုက်၏ လူမှုအကျိုးပြုစွမ်းဆောင်မှုများကို ပိုမိုပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် ဖြစ်ပါသည်။ တရုတ်နိုင်ငံသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
ယခုနှစ်၏ နိုင်ငံတကာပြတိုက်နေ့တွင် တရုတ်နိုင်ငံသည် ပထမဆုံးအကြိမ် Online၊ Offline စနစ်နှစ်မျိုးစလုံးကို ရောစပ်အသုံးပြုကာ ပရိတ်သတ်များအတွက် အမျိုးမျိုးအဖုံဖုံ စုံလင်၍ ထူးခြားပြောင်မြောက်လှသော ယဉ်ကျေးမှုများကို ကြီးကျယ်ခမ်းနားသော ဂုဏ်ပြုဧည့်ခံပွဲပမာ တင်ဆက်ပြသသွားမည် ဖြစ်သောကြောင့် အိမ်မှာနေရင်း ကိုယ်တိုင်ကိုယ်ကျ ပြတိုက်ကို ရောက်သွားသကဲ့သို့ပင် ခံစားကြည့်ရှုနိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပြတိုက်အမျိုးမျိုး၏ စွဲမက်ဖွယ်ကောင်းသော နောက်ခံယဉ်ကျေးမှုများ၏ သက်ဝင်လှုပ်ရှားမှုနှင့် တန်ဖိုးကို သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။
(၁၇)ကြိမ်မြောက် (၂၀၁၉ခုနှစ်) တရုတ်တစ်နိုင်ငံလုံး၏ အကောင်းဆုံးပြတိုက် (၁၀) ခု၏ ပြပွဲအခမ်းအနားများ (China's Best Museum Exhibitions of 2019)
အကြောင်းအရာ ပိုမိုသိရှိနားလည်လိုပါက QR Code ကို စက္ကန့်အနည်းငယ်ဖိနှိပ်ပါ (သို့မဟုတ်) (Read Original) ကို နှိပ်ပါ။ chinaculture.org websiteသို့ ဝင်ရောက်ပြီး တရုတ်ယဉ်ကျေးမှု၏ အဆုံးမရှိသော ဆွဲဆောင်မှုကို ကြည့်ရှုခံစားလိုက်ပါ။
