"Nihao China" - ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ

တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ ညွှန်ကြားမှုဖြင့် တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးစင်တာသည် ရှင်းကျန်း (Xinjiang) ၊ လျောင်းနင် (Liaoning) ၊ ဟေးလုံကျန်း (Heilongjiang) စသည့် ပြည်နယ်(ဒေသ၊ မြို့) ၉ ခု၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနတို့နှင့်အတူ ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံမြောက်ပိုင်း ရေခဲဆီးနှင်းခရီးသွားလာရေး ပြည်ပမိတ်ဆက်ခြင်းရာသီ “Nihao China” အစီအစဉ်ကို စီစဉ်တင်ဆက်ပြီး ပြည်ပနိုင်ငံများရှိ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းအဖွဲ့အစည်းများနှင့်အတူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ယခုအစီအစဉ်သည် “အနာဂတ်ဆီ တို့တက်လှမ်း၊ ရေခဲဆီးနှင်း အိပ်မက်လမ်း” ခေါင်းစဉ်ကို အခြေခံ၍ “ရေခဲဆီးနှင်းမြေသည် ရွှေတောင်ငွေတောင် ဖြစ်ထွန်းရာမြေ ဖြစ်ရမည်” ဟူသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒသဘောထားကို လက်စွဲကာ တရုတ်နိုင်ငံ ရေခဲဆီးနှင်းအရင်းအမြစ်အားသာချက်ဖြင့် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အထောက်အပံ့ပေးနိုင်ရန်၊ ပြည်ပနှင့် ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်နိုင်ရန်၊ တရုတ်နိုင်ငံ၏ ရေခဲဆီးနှင်းခရီးသွားလာရေးကို တိုးမြှင့်မိတ်ဆက်နိုင်ရန် မျှော်မှန်းပါသည်။
ဗီဒီယို
တင်ဆက်မည့် အကြောင်းအရာများ
•ရေခဲဆီးနှင်းဓာတ်ပုံပြပွဲ
•ရှင်းကျန်းဒေသ ပြည်ပမိတ်ဆက်ခြင်းသီတင်းပတ်
•လျောင်းနင်ပြည်နယ် ပြည်ပမိတ်ဆက်ခြင်းသီတင်းပတ်
•ဟေးလုံကျန်းပြည်နယ် ပြည်ပမိတ်ဆက်ခြင်းသီတင်းပတ်
•ပေကျင်းမြို့၊ ဟယ်ပေပြည်နယ်၊ ကျီလင်ပြည်နယ်၊ အတွင်းမွန်ဂိုးလီးယားဒေသ၊ ဆန်းရှီးပြည်နယ်၊ ထျန်းကျင်းမြို့၏ အရင်းအမြစ်များ တင်ဆက်ခြင်း

