ပြည်ပနိုင်ငံများသို့ မိတ်ဆက်သည့် “Nihao China” တရုတ်ခရီးသွား LOGO မိတ်ဆက်အကျဉ်း
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-11-12 14:10:21
“Nihao China” သည် ယခုနှစ်တွင် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မိတ်ဆက်သည့် တရုတ်ခရီးသွားအမှတ်တံဆိပ် LOGO ဖြစ်သည်။ LOGO ဒီဇိုင်းတွင် ပန်ဒါဝက်ဝံကာတွန်းရုပ်၊ “Nihao China” ရောင်စုံအင်္ဂလိပ်စာလုံးနှင့် “你好!中国” တရုတ်စာလုံးပါ ရှေးခေတ်မင်တံဆိပ်တုံးပုံတို့ကို ထည့်သွင်းပုံဖော်ရေးဆွဲကာ တရုတ်ရိုးရာ အငွေ့အသက်များကို ဆန်းသစ်ဖန်တီးမှုများ ထပ်လောင်းပေါင်းထည့်ထားသဖြင့် လက်ရာပြောင်မြောက်လှသည်။
ပန်ဒါဝက်ဝံကိုယ်ထည်ပါရှိသော “Nihao China” LOGO ကို အောက်ဖော်ပြပါပုံတွင် လေ့လာကြည့်ရှုနိုင်ပါသည်။