“Nihao China” – “၂၀၂၃ ခုနှစ် ခရီးသွားပြပွဲဝယ်၊ ‘ယူနန်လူမှုဘဝ’ အား လေ့လာမယ်”
တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ပြည်သူ့လေကြောင်းစီမံခန့်ခွဲရေးဦးစီးဌာန (Civil Aviation Administration of China) နှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ဦးစီးကျင်းပသည့် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ခရီးသွားပြပွဲကို နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ ယူနန်ပြည်နယ် ကူမင်းမြို့ တျန်းရေကန်(Dian-chi)နိုင်ငံတကာပြပွဲစင်တာတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ “Nihao China” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ယခုတစ်ကြိမ်ပြပွဲတွင် နိုင်ငံတကာခရီးသွားလုပ်ငန်း လုပ်ကိုင်သူများကို ဖိတ်ကြားထားပြီး ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဈေးကွက်အခြေအနေ၊ ထုတ်ကုန်၊ သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုစံနှုန်း အစရှိသည့် နယ်ပယ်များတွင် နိုင်ငံအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရင်း ပြောင်မြောက်သော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ထုတ်ကုန်များစွာကို နိုင်ငံအသီးသီးမှ ပြည်သူများထံ ချပြပေးသွားမည် ဖြစ်ပါသည်။
ဤကဲ့သို့ ပြပွဲဖွင့်လှစ်ခါနီးအခါသမယတွင် ပရိသတ်များအနေဖြင့် “ယူနန်လူမှုဘဝ” ဗီဒီယိုမှတစ်ဆင့် ဆန်းကြယ်လှပသော ယူနန်ပြည်နယ်နှင့် သဏ္ဌာန်စုံလင်သော ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ခရီးသွားပြပွဲအကြောင်းကို လေ့လာသိရှိနိုင်မည် ဖြစ်ပါသည်။