၂၀၂၃ ခုနှစ် မြစ်ဝါမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ မြစ်ဝါမြစ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ် တင်ဆက်ခြင်း - ကန်းစုပြည်နယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-09-02 14:17:13


WeChat Image_20230904103638.jpg




ကန်းစုပြည်နယ်(Gansu)၏ စီမံအုပ်ချုပ်ရေးဗဟိုဖြစ်သော လန်ကျိုးမြို့(Lanzhou)သည် မြစ်ဝါမြစ် ဖြတ်သန်းစီးဆင်းသည့် တစ်ခုတည်းသော မြို့တော် ဖြစ်သည်။ ယင်းမြို့တွင် မြစ်သည် အရှေ့မှအနောက်သို့ တောင်တန်းများနှင့် ဆုံကာ ခမ်းနားထည်ဝါစွာ ဖြစ်တည်နေပါသည်။ လန်ကျိုးမြို့သည် တိုးတက်ဖွံ့ဖြိုးသော မြို့တစ်မြို့ဖြစ်ပြီး ယင်းမြို့၏ အထင်ကရ အစားအစာမှာ အမဲခေါက်ဆွဲ ဖြစ်သည်။ ဤအစီအစဉ်မှတစ်ဆင့် လန်ကျိုးမြို့ သမိုင်းကြောင်းများကို လေ့လာရင်း ယင်းမြို့၏ ဆွဲဆောင်မှုအလှတရားများကို ရှုစားနိုင်မည် ဖြစ်ပါသည်။



ကန်းစုပြည်နယ် (Gansu) သည် ရှည်လျားသောသမိုင်းကြောင်း၊ နက်ရှိုင်းသောယဉ်ကျေးမှုနှင့် ကြွယ်ဝစုံလင်သော ခရီးသွားအရင်းအမြစ်များစွာ ရှိပါသည်။ ကန်းစုဒေသခံပြည်သူများ၏ ကာလရှည်နေထိုင်မှုအတွင်း ထူးခြားပြောင်မြောက်သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် ထူးချွန်ကောင်းမွန်သော ကျေးလက်အနုပညာများကို ဖြစ်ထွန်းပေါ်ပေါက်လာစေပါသည်။ ယင်းတို့မှတစ်ဆင့် ဒေသခံတို့၏ နွေးထွေးပျူငှာမှုနှင့် ရိုးသားပွင့်လင်းမှုတို့ကိုလည်း တွေ့မြင်ခံစားနိုင်မည်ဖြစ်ပါသည်။