၂၀၂၃ ခုနှစ် မြစ်ဝါမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - မြစ်ဝါမြစ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ် တင်ဆက်ခြင်း ဆန်းတုန်းပြည်နယ် ပြည်ပမိတ်ဆက်ခြင်းသီတင်းပတ် (“မြစ်ဝါမြစ်ကြောတစ်လျှောက်ဝယ်” ဆန်းတုန်းပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဓာတ်ပုံပြပွဲ)
ဆန်းတုန်းပြည်နယ် (Shandong) သည် တရုတ်နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် တည်ရှိပြီး လူဦးရေထူထပ်၍ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် စီးပွားရေးတို့ ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်တစ်ခု ဖြစ်သည်။ ယင်းပြည်နယ်တွင် နေထိုင်သူဦးရေ သန်းကျော် ရှိပြီး တရုတ်တစ်နိုင်ငံလုံး၏ ဒေသအလိုက် GDP တတိယအမြင့်ဆုံး ဖြစ်သည်။ ဆန်းတုန်းပြည်နယ်သည် တရုတ်ယဉ်ကျေးမှု အစပြုရာ နေရာတစ်ခု ဖြစ်ပြီး ကမ္ဘာကျော် အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ်၏ ဇာတိမြေလည်း ဖြစ်သည်။ ယဉ်ကျေးမှု ကြွယ်ဝစုံလင်ပြီး ရှုခင်းများ သာယာလှပသည့်အပြင် ဒေသခံများကလည်း ဖော်ရွေပျူငှာကြသည်။ ယခုတစ်ခေါက်ပြပွဲတွင် ဆန်းတုန်းပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနသည် ဆန်းတုန်းပြည်နယ်ရှိ ကမ္ဘာ့အမွေအနှစ်များ၊ အထင်ကရ ရှုခင်းနေရာများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လက်ရာမြောက်ဓာတ်ပုံများကို ရွေးချယ်တင်ဆက်ထား၍ ပရိသတ်များအနေဖြင့် ဆန်းတုန်းပြည်နယ်၏ သမိုင်းကြောင်းယဉ်ကျေးမှု၊ သဘာဝရှုမျှော်ခင်းများနှင့် ဓလေ့ထုံးတမ်းများကို လေ့လာနိုင်မည် ဖြစ်ပါသည်။