ရှုမငြီးဖွယ်ရာ တရုတ်နိုင်ငံတစ်ခွင်မှာ - ကျန်းရှီးပြည်နယ်၏ ပုံရိပ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-02-22 15:33:11


ဗီဒီယိုကို ကျန်းရှီးပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ကျန်းရှီးပြည်နယ် (Jiangxi) က ဘယ်လိုပုံစံမျိုးပါလိမ့်။ ကျန်းရှီးပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိသောအခါ “ဤဒေသရဲ့ ပုံရိပ်အစစ်အမှန် အပြည့်အဝ ပေါ်လွင်မနေတာဟာ မိမိကိုယ်တိုင် ယင်းတောင်ကြားတွေထဲ ရောက်ရှိနေခြင်းကြောင့် ဖြစ်ပါလိမ့်မယ်” ဟူ၍ တွေးတောမိပါသည်။ ကျန်းရှီးပြည်နယ်ကို ဒုတိယအကြိမ် ထပ်မံရောက်ရှိသောအခါမှာ “သဘာဝ၏ အဖိုးတန်ရတနာများ၊ ထူးချွန်သူများနှင့် ပြည့်နှက်ရာ ဒေသတစ်ခု ဖြစ်တယ်” ဟူ၍ ရင်သပ်ရှုမော အံ့ဩစေခဲ့ပါသည်။ တတိယအကြိမ် ရောက်ရှိသွားချိန်မှာတော့ “စိမ်းစိုသာယာသော  ရှုခင်းရှုကွက် အလှအပများကို လည်ပတ်ကြည့်ရှုအပြီးတွင် လေ့လာလည်ပတ်ရသူအဖို့ မမောမပန်းနိုင်လောက်အောင်ကိုပင် ယင်းရှုမျှော်ခင်းများက အနှိုင်းမဲ့ လှပနေကြသည်” ကို တွေ့မြင်ခဲ့ရပါသည်။


တောတောင်ရေမြေ သဘာဝရှုခင်းများနှင့် ဗိသုကာလက်ရာတို့ ရောယှက်ပေါင်းစပ်နေမှု၊ ရှုမျှော်ခင်းအလှများနှင့် ယဉ်ကျေးမှုတို့ ပေါင်းစပ်ရောယှက်ထားမှု၊ သမိုင်းနှင့် အနာဂတ်တို့ ရောယှက်နေမှုများသည် ကျန်းရှီးပြည်နယ်၏ ပုံရိပ်အသွင်ကို ဖော်ပြနေပါသည်။ ယခုကဲ့သို့ လှပပြည့်စုံနေသော ကျန်းရှီးပြည်နယ်ကို ပရိသတ်တို့ ကြိုက်နှစ်သက်ကြပါလားရှင်။