၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ နှစ်သက်စွဲလမ်းဖွယ် ရေခဲဆီးနှင်းအလှမြေ လျောင်နင်ပြည်နယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-01-19 14:32:43




အေးအေးခိုက်ခိုက် အအေးလိုင်းများက လျောင်နင်ပြည်နယ် (Liaoning) ၏ တောတောင်ရေမြေအလှများကို အသက်ဝင်လာစေပါသည်။ တောင်စွယ်တောင်တန်း အလှအပနှင့် ပင်လယ်ကမ်းရိုးတန်း ရှည်ရှည်လျားလျားများ စုစည်းတည်ရှိနေသော ဤဒေသတွင် မြင်မြင်ရသမျှ သဘာဝရှုခင်းနေရာတိုင်း၌ ဆောင်းရာသီထူးခြားချက်များ အပြည့်အဝ ပေါ်လွင်နေပါသည်။ ရှုမျှော်ခင်းတိုင်းမှာလည်း ပရိသတ်တို့၏ မျက်လုံးထဲတွင် အသက်ဝင်လှုပ်ရှားနေအောင် ပန်းချီရေးဆွဲပုံဖော်ထားသည့်အလား သာယာလှပနေကြပါသည်။


ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေသည့် လျောင်နင်ပြည်နယ်က သူမတူထူးခြားသော သွင်ပြင်သဏ္ဌာန်တို့ဖြင့်  ပရိသတ်တို့အား မေ့မရနိုင်လောက်အောင်ပင် အမှတ်ရတမ်းတနေစေပါလိမ့်မည်။