၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ ဟယ်ပေပြည်နယ် ခရီးသွားလမ်းညွှန်မြေပုံ
ဟယ်ပေပြည်နယ် (Hebei) ခရီးသွားလမ်းညွှန်မြေပုံသည် စမတ်အသံလမ်းညွှန်မြေပုံဖြစ်ပြီး မျက်နှာဖုံးတွင် အသံလမ်းညွှန်အတွက် QR Code ကို ထားရှိကာ Scan ဖတ်၍ ထိုစာမျက်နှာအတွင်းသို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး တရုတ်နှင့်အင်္ဂလိပ် ဘာသာစကားနှစ်မျိုးကို ရွေးချယ်နိုင်သည်။ အသံလမ်းညွှန်ပြစာမျက်နှာအတွင်းသို့ ဝင်ရောက်ပြီး ဟယ်ပေပြည်နယ်ရှိ အဓိကခရီးသွားအရင်းအမြစ်အများစုအား လက်ကိုင်ဖုန်း screen ပေါ်၌ပင် အဆင်ပြေလွယ်ကူစွာ လေ့လာကြည့်ရှုနိုင်သည်။ ခရီးသွားများက ဓာတ်ပုံများကို ဖိနှိပ်၍ ရှာဖွေကာ မိမိကြိုက်နှစ်သက်ရာ ရှုခင်းနေရာများအား ရွေးချယ်နိုင်ပါသည်။
တရုတ်ဘာသာစကားကို ရွေးချယ်သည့် ခရီးသွားများအနေဖြင့် အကြောင်းအရာမိတ်ဆက်အသံဖိုင်ကို နားထောင်ရင်း တစ်ချိန်တည်းမှာပင် အလှဆုံးရှုမျှော်ခင်းများကို ခံစားလေ့လာနိုင်သည်။ အင်္ဂလိပ်ဘာသာစကားကို ရွေးချယ်သည့် ခရီးသွားများအနေဖြင့် လမ်းညွှန်ခလုတ်ကို ဖိနှိပ်လိုက်သည်နှင့် ရှုခင်းနေရာ၏ စာသားအကြောင်းအရာမိတ်ဆက်များကို ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။
ဟယ်ပေပြည်နယ် ခရီးသွားလမ်းညွှန်မြေပုံသည် လေ့လာဖတ်ရှုနိုင်သည့်အပြင် နားဆင်ခံစားနိုင်မည်လည်းဖြစ်ကာ ဓာတ်ပုံနှင့် စာသားများပါ တစ်ပါတည်း တွဲဖက်ပါရှိသည်။ ခရီးသွားဧည့်သည်များအား ဤလမ်းညွှန်မြေပုံဖြင့် ဟယ်ပေပြည်နယ်၏ အဓိကခရီးသွားအရင်းအမြစ်များကို မြန်မြန်ဆန်ဆန် သိရှိနားလည်စေကာ ဟယ်ပေပြည်နယ်၏ အလှတရားများကို လေ့လာခံစားနိုင်ရန်အတွက် လမ်းညွှန်ပြသပေးနေပါသည်။