ပထမအကြိမ် “လူငယ်အမြင် အာရှတစ်ခွင်” ခရီးသွား ဓာတ်ပုံအနုပညာဖလှယ်ရေး လှုပ်ရှားမှုပွဲအတွက် အနုပညာလက်ရာများ ဖိတ်ခေါ်ခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-12-17 12:39:04


WeChat Image_20211217094940.jpg


တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြီး Beijing Union University မှ တာဝန်ယူဆောင်ရွက်သော ပထမအကြိမ် “လူငယ်အမြင် အာရှတစ်ခွင်” ခေါင်းစဉ် ခရီးသွား ဓာတ်ပုံအနုပညာဖလှယ်ရေး လှုပ်ရှားမှုပွဲအတွက် အနုပညာလက်ရာများ ဖိတ်ခေါ်ခြင်း အစီအစဉ်ကို စတင်လက်ခံဆောင်ရွက်နေပါပြီ။ အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား အရွယ်ရှိ အာရှလူငယ်မိတ်ဆွေများအား ဤလှုပ်ရှားမှုပွဲတွင် ပါဝင်ရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားလိုပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ (ပေကျင်းစံတော်ချိန်) မတိုင်မီအချိန်တွင် သက်ဆိုင်ရာ လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များအတိုင်း အနုပညာလက်ရာများကို ပေးပို့တင်သွင်းကာ ပါဝင်ဆင်နွှဲနိုင်ပါသည်။


WeChat Image_20211217094950.jpg


၁။ ပြိုင်ပွဲဝင်လက်ရာ အမျိုးအစား

(၁) ဓာတ်ပုံအမျိုးအစား - အထူးသတ်မှတ်ထားသော လူမှုယဉ်ကျေးမှုခေါင်းစဉ်နှင့် သဘာဝတရားဆိုင်ရာ ခေါင်းစဉ်အကြောင်းအရာကို အခြေခံပြီး အနုပညာလက်ရာကို ဖန်တီးရိုက်ကူးရမည်။

(၂) ဗီဒီယိုအမျိုးအစား - အာရှတိုက်နှင့် စပ်လျဉ်းသော အထူးသတ်မှတ်ထားသည့် ခေါင်းစဉ်အကြောင်းအရာကို အခြေခံပြီး အနုပညာလက်ရာကို ဖန်တီးရိုက်ကူးရမည်။


၂။ ဆုအမျိုးအစားသတ်မှတ်ချက်များ

ယခုအကြိမ် လှုပ်ရှားမှုပွဲကို အထူးဆု၊ ပထမဆု၊ ဒုတိယဆု၊ နှစ်သိမ့်ဆုနှင့် ပြည်ပဆု စုစုပေါင်း (၈၈)ဆုကို ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။


၃။ ဆုစာရင်းထုတ်ပြန်ကြေညာချက်

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ (ပေကျင်းစံတော်ချိန်) 


၄။ ဆက်သွယ်ရန်

အီးမေးလ် - fanlvkechuang@126.com

ဖုန်းနံပါတ် - ၀၁၀-၆၄၉၀၉၂၈၅ ၊ ၁၈၈၁၀၆၂၅၁၁၉


၅။ နာမည်စာရင်းပေးသွင်းရန်

QR Code ကို Scan ဖတ်၍ဖြစ်စေ၊ လှုပ်ရှားမှုပွဲဆိုင်ရာ Official Website - https://www.asiatpp.com/#/pages/picShow တွင်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါသည်။


WeChat Image_20211217094956.jpg


၆။ အခြားစပ်လျဉ်းဖော်ပြချက်

ပြိုင်ပွဲဝင်လျှောက်လွှာ ပေးသွင်းလိုက်သည် နှင့်တစ်ပြိုင်နက် မိတ်ဆက်ကြော်ငြာနှင့် ပြပွဲတွင် အသုံးပြုရန် ကြီးမှူးကျင်းပသူဘက်မှ ထိုအနုပညာလက်ရာ၏ အသုံးပြုခွင့်နှင့် တည်းဖြတ်သုံးစွဲခွင့် ရရှိကြောင်းကို သဘောတူညီ အသိအမှတ်ပြုပါသည်။