တန်ဆောင်တိုင်ပွဲတော် အခါသမယတွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-11-18 16:56:37
စန္ဒာလမင်း ထက်ကောင်းကင်မှာ၊
ငွေရောင်အလင်း အေးရိပ်ကြည်သာ၊
ရောင်စုံမီးပွင့် ဖျတ်ဖျတ်လင်းကာ၊
ကြည်နူးစိတ်ဘဝင် တရွှင်ရွှင်ဖြာ။
ယခုလို တန်ဆောင်တိုင်ပွဲတော် အချိန်အခါသမယတွင်
မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများ ပျော်ရွှင်ချမ်းမြေ့ပြီး ကျန်းမာချမ်းသာကြပါစေကြောင်း တောင်းဆုပြုအပ်ပါသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများ၏ ပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေကြောင်း တောင်းဆုပြုအပ်ပါသည်။