ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ ၂၀၂၆ ခုနှစ် နွေရာသီယဉ်ကျေးမှုသင်တန်းများ သင်တန်းအပ်လက်ခံပြီ
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ နွေရာသီယဉ်ကျေးမှုသင်တန်းများကို စိတ်ဝင်စားစွာ စောင့်မျှော်နေကြသော သင်တန်းသားများအတွက် တရုတ်ရိုးရာ မင်စုတ်ချက်လက်ရေးလှ၊ ဖောင်တိန်လက်ရေးလှနှင့် ဝူရှူးသင်တန်းများကို ယခုလအတွင်း စတင်ဖွင့်လှစ်မည် ဖြစ်သည်။ သင်တန်းကြေးအခမဲ့ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားသောကြောင့် စိတ်ဝင်စားသူများအနေဖြင့် အမြန်ဆုံး လာရောက်စာရင်းပေးသွင်းကြရန် ဖိတ်ခေါ်အပ်ပါသည်။
သင်တန်းအသေးစိတ်အကြောင်းအရာကို အောက်တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။





သင်တန်းနေရာ - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ
(အမှတ် ၃၉၊ ဒုတိယထပ်၊ မင်းရဲကျော်စွာလမ်း၊ အလုံမြို့နယ်)
Google Map - https://goo.gl/maps/2HEeC5698waCX9JV6
သင်တန်းအပ်နှံရန် -
• ဤသင်တန်းကြေညာချက် ထုတ်ပြန်ချိန်မှစတင်၍ နာမည်စာရင်း လာရောက်ပေးသွင်းနိုင်ပါသည်။ သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် သင်တန်းသားများကို ဦးရာလူစနစ်ဖြင့် လက်ခံပြီး သတ်မှတ်ဦးရေပြည့်လျှင် သင်တန်းသားလက်ခံမှု ရပ်ဆိုင်းပါမည်။
• သင်တန်းသား၏ မှတ်ပုံတင်မိတ္တူ (သို့) ကျောင်းသားကတ်မိတ္တူ (၁)စောင်နှင့်တကွ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသို့ လာရောက် စာရင်းပေးသွင်းရမည်။
• သင်တန်းသားတစ်ဦးလျှင် အတန်းတစ်တန်းသာ တက်ရောက်ခွင့်ရှိသည်။
• ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဖွင့်လှစ်ပို့ချသော သင်တန်းများအားလုံးသည် သင်တန်းကြေး အခမဲ့ဖြစ်သည်။ သို့သော် သင်တန်းအပ်နှံသည့်အခါ စပေါ်ငွေ (၅)သောင်းကျပ် ပေးသွင်းပေးရမည်။
• သင်တန်းကာလအတွင်း အတန်းချိန်မှန်မှန် တက်ရောက်ပြီး အတန်းချိန် ၇၅% ပြည့်မီပါက သင်တန်းပြီးဆုံးသည့်အခါ ပေးသွင်းခဲ့သော စပေါ်ငွေကို အပြည့်အဝ ပြန်လည်ထုတ်ယူနိုင်ပါသည်။
စင်တာဖွင့်ချိန် - အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီ၊ နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအတွင်း
(တနင်္ဂနွေနှင့် တနင်္လာနေ့မှအပ)
ဆက်သွယ်ရန် - 01-2302631/01-2302632
