"Chinese Music Linking the Future" လူငယ်လူရွယ်များ တရုတ်ဂီတတင်ဆက်မှု ဗီဒီယိုစုဆောင်းလက်ခံခြင်းအစီအစဉ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2025-07-23 11:54:47


China Center of International Cultural Exchange and Tourism Promotion မှ ကမ္ဘာတဝှမ်းတွင် ပြုလုပ်သော ၂၀၂၅ ခုနှစ် “Chinese Music Linking the Future” လူငယ်လူရွယ်များ တရုတ်ဂီတတင်ဆက်မှု ဗီဒီယိုစုဆောင်းလက်ခံခြင်းအစီအစဉ် စတင်ပြီ ဖြစ်ပါသည်။ ဂီတကို နှစ်သက်သည့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ တရုတ်ရိုးရာဂီတတူရိယာ တီးခတ်ပြီး ဗီဒီယိုရိုက်ကူးပေးပို့နိုင်ပါသည်။ ပေးပို့သော ဗီဒီယိုများကို ရွေးချယ်တင်ဆက်ပေးသွားမည့်အပြင် Certificate နှင့် ဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


Image_20250723093614.jpg


၁။ ဗီဒီယိုများ လက်ခံချိန်

၂၀၂၅ ခုနှစ် ဇူလိုင်လမှ ဩဂုတ်လအထိ



၂။ ပါဝင်နိုင်မည့်သူများ 

အသက် ၆နှစ်မှ ၂၄နှစ်အတွင်းရှိ လူငယ်လူရွယ်များ ပါဝင်နိုင်ပါသည်။ 


၃။ လိုအပ်ချက်များ


(က) ဗီဒီယိုအကြောင်းအရာ

ဗီဒီယိုသည် တရုတ်ရိုးရာတူရိယာများဖြင့် မိမိနှစ်သက်ရာ သံစဉ်ကို တီးခတ်နိုင်ပြီး တစ်ယောက်တည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပါဝင်နိုင်ပါသည်။ အနုပညာပုံဖော်မှုအားကောင်းသည့် တင်ဆက်မှုမျိုး ဖြစ်ရပါမည်။ 


(ခ) Format

ပေးပို့မည့် ဗီဒီယိုသည် (၅)မိနစ် မကျော်ရပါ။ ဗီဒီယိုကို အလျားလိုက် (Horizontal)  ရိုက်ကူး၍ 16:9 အချိုး ရှိရမည်ဖြစ်ပြီး ရုပ်သံကြည်လင်ပြတ်သားကာ အသံနှင့် အရုပ် ညီရမည်။ ဗီဒီယို Format သည် Size မချုံ့ထားသော avi ၊ mov ၊ wmv ၊ mpg file format ဖြစ်ရမည်။ Copyright မရှိသော ဗီဒီယိုများ အသုံးမပြုရပါ။ ဗီဒီယိုတွင် မည်သည့် အမှတ်အသား၊ Watermark များ မပါရပါ။ 


၄။ ပေးပို့ရန်

ရိုက်ကူးပြီးသော ဗီဒီယို၏ File Name ကို “Chinesemusic + ဗီဒီယိုခေါင်းစဉ်” ဟု ရေး၍ Zip File ဖြင့် Chinesemusic@chinaculture.org သို့ Email ပေးပို့ကာ Body တွင် ဗီဒီယိုမိတ်ဆက်အကျဉ်း၊ ပေးပို့သူ၏ အမည်နှင့် ဆက်သွယ်ရန်တို့ကို ရေးသား၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ ၂၃:၅၉ အချိန်အထိ နောက်ဆုံးထား၍ ပေးပို့ရပါမည်။ 


၅။ တင်ဆက်မှုအစီအစဉ်

China Center of International Cultural Exchange and Tourism Promotion မှ ဤအစီအစဉ်အတွက် သီးသန့် Web Page ပြုလုပ်ထားပြီး အွန်လိုင်းမှတစ်ဆင့် ထူးချွန်ပြောင်မြောက်သော ဗီဒီယိုလက်ရာများကို စုစည်းတင်ဆက်သွားပါမည်။ ထူးချွန်သည့် ဗီဒီယိုလက်ရာရှင်များ၏ လက်ရာများအတွက်လည်း သီးသန့် တည်းဖြတ်ပြီး Certificate နှင့် ဆုများ ပေးအပ်ချီးမြှင့်သွားပါမည်။ 


၂၀၂၄ ခုနှစ် “Chinese Music Linking the Future” လူငယ်လူရွယ်များ တရုတ်ဂီတတင်ဆက်မှု ဗီဒီယိုစုဆောင်းလက်ခံခြင်းအစီအစဉ် Webpage

https://www.cice.org.cn/portal/site/zongzhan/special/2024/2024zgyy/index.jsp


၆။ အခြား


(က) ပါဝင်ပေးပို့သူများအနေဖြင့် ပေးပို့သည့် ဗီဒီယိုလက်ရာသည် ကိုယ်တိုင်ဖန်တီးမှုလက်ရာ ဖြစ်ရမည် ဖြစ်ပြီး Third Party ၏ Copyright ၊ Patent right ၊ Trademark right ၊ Right of reputation များနှင့် အခြားသော မူပိုင်ခွင့်များကို ဖောက်ဖျက်ကျူးလွန်ခြင်း မရှိရပါ။ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိပါက မည်သည့်အဆင့်တွင် ရောက်ရှိနေသည်ဖြစ်စေ ကြီးမှူးကျင်းပသည့်အဖွဲ့အစည်းသည် ၎င်း၏ ပါဝင်ခွင့်နှင့် ဆုရရှိခွင့်ကို ဖျက်သိမ်းနိုင်သည်။ 


(ခ) ပေးပို့လာသော ဗီဒီယိုများအား ကြီးမှူးကျင်းပသည့်အဖွဲ့အစည်းမှ တည်းဖြတ်ပြုပြင်ခွင့်ရှိပြီး Online ၊ Offline တွင် တင်ဆက်နိုင်မည် ဖြစ်သည်။