ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “၂၀၂၃ ခုနှစ် နွေရာသီဝူရှူးသင်တန်း” အတွက် သင်တန်းသားများ စတင်လက်ခံနေပါပြီ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-02-23 12:28:08


WeChat Image_20230224091239.jpg


တရုတ်ရိုးရာ ဝူရှူးပညာရပ်ယဉ်ကျေးမှုကို မိတ်ဆက်ဖြန့်ဝေရန်၊ မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်ရန်၊ နွေရာသီအားလပ်ရက်အတွင်း မြန်မာကျောင်းသားများ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ လေ့လာနိုင်စေရန်တို့အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် FSSL (Myanmar) Services Limited တို့ ပူးပေါင်း၍ “၂၀၂၃ ခုနှစ် နွေရာသီဝူရှူးသင်တန်း”ကို ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ဝူရှူးနှင့် ထိုက်ကျီသိုင်းပညာသင်တန်းမှတစ်ဆင့် သင်တန်းသားများ တရုတ်ရိုးရာယဉ်ကျေးမှုကို နားလည်သိရှိကာ ကျန်းမာကြံ့ခိုင်ပြီး စည်းစနစ်ကျသည့် လူနေမှုဘဝကို ဖန်တီးရရှိနိုင်စေရန် မျှော်လင့်ပါသည်။


➢ ဝူရှူးသိုင်းပညာ


တရုတ်ရိုးရာ ဝူရှူးသိုင်းပညာသည် ကျယ်ပြန့်နက်နဲသည့် ပညာရပ်တစ်ခု ဖြစ်သည်။ ဝူရှူးအားကစားသည် ကိုယ်စိတ်နှလုံး ကျန်းမာစေရန် များစွာ အကျိုးပြုနိုင်ပါသည်။ ခန္ဓာကိုယ် သွေးလည်ပတ်မှုကောင်းမွန်စေခြင်း၊ ကိုယ်လက်အင်္ဂါ ပျော့ပျောင်းသွက်လက်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။ ထို့အပြင် ဝူရှူးပညာသည် ကိုယ်ခံပညာရပ်အဖြစ်လည်း အသုံးချနိုင်သည့် အားကစားတစ်မျိုး ဖြစ်သည်။ စိတ်ဖိစီးမှုနှင့် စိုးရိမ်ကြောင့်ကြမှုများကို လျော့ကျစေနိုင်သည့် တစ်ချိန်တည်းတွင် ဖော်ထုတ်ပြသမှုစွမ်းရည်နှင့် စည်းစနစ်တကျ လုပ်ဆောင်မှုစွမ်းရည်များကိုလည်း တိုးတက်စေပါသည်။


➢ ထိုက်ကျီသိုင်းပညာ


ထိုက်ကျီသိုင်းသည် လှုပ်ရှားမှု ညင်သာပြီး ခန္ဓာကိုယ်စွမ်းဆောင်ရည်၊ သွက်လက်ဖျတ်လတ်မှုနှင့် စိတ်ခွန်အားများအတွက် များစွာ အကျိုးပြုပါသည်။ ထိုက်ကျီသိုင်းလေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်စွမ်း၊ ခြေထောက်အားနှင့် ကြွက်သားဖျတ်လတ်မှုများကို မြှင့်တင်ပေးနိုင်ပြီး အရိုးအဆစ်ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေပါသည်။ ထို့အပြင် ကိုယ်ခံအားစနစ်၊ အိပ်စက်ခြင်းအလေ့အထနှင့် တွေးတောကြံဆနိုင်စွမ်းများကို တိုးတက်ကောင်းမွန်စေနိုင်ရုံမက စိတ်ဖိစီးမှုနှင့် စိတ်မွန်းကျပ်မှုများကို လျှော့ချပေးနိုင်ခြင်း၊ သွေးတိုးနှင့် သွေးချို ကျဆင်းစေခြင်း စသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါသည်။


WeChat Image_20230224091246.jpg


နည်းပြဆရာများ မိတ်ဆက်အကျဉ်း


Nyein Chan Ko Ko

ထိုက်ကျီနည်းပြဆရာ


WeChat Image_20230224091249.jpg


အသက် (၁၄)နှစ်တွင် ဝူရှူးအားကစားကို စတင်လေ့ကျင့်ခဲ့ပြီး (၁၉)နှစ်အရွယ်တွင် မြန်မာနိုင်ငံလက်ရွေးစင်အသင်းဝင် ဖြစ်လာခဲ့သည်။ ယင်းနောက်တွင် အာရှချန်ပီယံနှင့် ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါသည်။ စင်ကာပူနိုင်ငံတွင် နည်းပြဆရာတစ်ဦးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် နိုင်ငံတော်လက်ရွေးစင်အသင်း (ရန်ကုန်) ၏ နည်းပြဆရာ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုလက်ရှိတွင် ဝူရှူးအားကစားလှုပ်ရှားမှုများ၌ တက်ကြွစွာ ပါဝင်လုပ်ဆောင်လျက် ရှိပါသည်။


ရရှိခဲ့သောဆုများ


2009 ASIAN JUNIOR WUSHU CHAMPIONSHIPS (1 BRONZE)

2010 WORLD JUNIOR WUSHU CHAMPIONSHIPS (2 SILVER,1 BRONZE)

2013 SEAGAMES (1 SILVER)

2015 WORLD WUSHU CHAMPIONSHIPS (1 SILVER)

2018 ASIAN GAMES (1 BRONZE)

2018 TAOLU WORLD CUP ( 1 GOLD, 1 BRONZE)


Thuya Soe

ဝူရှူး(ထောက်လု)နည်းပြဆရာ


WeChat Image_20230224091252.jpg


အသက် (၆)နှစ်တွင် ဝူရှူးအားကစားကို စတင်လေ့ကျင့်ပြီး အသက် (၁၀)နှစ်အရွယ်တွင် မြန်မာနိုင်ငံလက်ရွေးစင်အသင်းဝင် ဖြစ်လာခဲ့သည်။ အသက် (၁၂)နှစ်တွင် အာရှချန်ပီယံ ဖြစ်လာခဲ့ပြီး လက်ရှိတွင်လည်း မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် နိုင်ငံတော်လက်ရွေးစင်အသင်း (ရန်ကုန်) ၏ နည်းပြဆရာအဖြစ်လည်းကောင်း၊ FSG (Myanmar) Security Services Co.Ltd မှ လုံခြုံရေးဝန်ထမ်းများ၏ နည်းပြဆရာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက် ရှိပါသည်။


ရရှိခဲ့သောဆုများ


2003 ASIAN JUNIOR WUSHU CHAMPIONSHIP ( 1 GOLD, 1 BRONZE)

2004 WORLD TRADITIONAL WUSHU CHAMPIONSHIP ( 2 GOLD, 2 SILVER)

2006 WORLD TRADITIONAL WUSHU CHAMPIONSHIP ( 4 GOLD)

2010 WORLD JUNIOR WUSHU CHAMPIONSHIP ( 2 BRONZE)

2019 SHAOLIN KUNG FU TRAINING COURSE ( 6 GOLD, 1 SILVER) (WITH GRADE A)


သင်တန်းသားများ အတန်းမှန်မှန် တက်ရောက်ပြီး သင်ကြားမှုများကို ကြိုးစားလေ့လာ သင်ယူလေ့ကျင့်ကြရင်း ကိုယ်ရော စိတ်ပါ ကျန်းမာကြံ့ခိုင်စေရန် ကျင့်ကြံအားထုတ်ကာ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် လှပသော အမှတ်တရများဖြင့် အကျိုးရှိသည့် နွေရာသီအားလပ်ရက်များကို ဖြတ်သန်းနိုင်ကြရန် မျှော်လင့်ပါသည်။


WeChat Image_20230224091239.jpg