“လှပစုံညီ တရုတ်ပြည်” မြန်မာ့ပန်းချီကြယ်ပွင့်ကလေးများအတွက် ပန်းချီပြိုင်ပွဲ အောင်မြင်စွာ ပြီးမြောက်ခြင်းနှင့်အတူ ဆုရပြိုင်ပွဲဝင်များမှ တရုတ်ယဉ်ကျေးမှုဆိုင်ရာ အမှတ်တရလက်ဆောင်များ လက်ခံရရှိခြင်း

မကြာသေးမီအချိန်က ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် “လှပစုံညီ တရုတ်ပြည်” မြန်မာ့ပန်းချီကြယ်ပွင့်ကလေးများအတွက် ပန်းချီပြိုင်ပွဲ၏ ဆုရပြိုင်ပွဲဝင် (၁၈)ဦးထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးပို့ခဲ့ပြီး ပြိုင်ပွဲအစီအစဉ်သည်လည်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
၎င်းပြိုင်ပွဲအစီအစဉ်သည် ၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကဏ္ဍတွဲအစီအစဉ်များအနက်မှ တစ်ခုအပါအဝင်ဖြစ်ပြီး “တရုတ်နိုင်ငံဆိုင်ရာ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု” ကို အဓိက အကြောင်းအရာအဖြစ် ထားရှိကာ ပန်းချီအတတ်ပညာဖြင့် မိမိနှလုံးသားအမြင်ထဲမှ တရုတ်နိုင်ငံကို ပုံဖော်စေရန်၊ တရုတ်ယဉ်ကျေးမှုကို ပိုမိုနားလည်သိရှိစေရန်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တိုးမြှင့်နိုင်ရန်အတွက် မြန်မာ့ကလေးသူငယ်၊ လူငယ်လူရွယ်များအား ပန်းချီပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။
ပြိုင်ပွဲကာလ (၁၅)ရက်တာအတွင်း ပြိုင်ပွဲဝင် ပန်းချီလက်ရာများ စုစည်းခြင်းနှင့် စိစစ်အကဲဖြတ်ခြင်းများ ပြုလုပ်အပြီးတွင် ထူးချွန်သော ဆုရပြိုင်ပွဲဝင် စုစုပေါင်း (၁၈)ဦး ပေါ်ထွက်လာခဲ့ပါသည်။ ယင်းအစီအစဉ်သည် မြန်မာနိုင်ငံ အရပ်ဒေသအသီးသီးမှ ကလေးသူငယ်၊ လူငယ်လူရွယ်များ၏ စိတ်ဝင်စားမှုများစွာကို ရရှိခဲ့ပြီး ပြိုင်ပွဲဝင် စုစုပေါင်း (၁၉၃)ဦးမှ မိမိတို့၏ ပန်းချီလက်ရာများကို ပေးပို့၍ တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပန်းချီလက်ရာများသည် အကြောင်းအရာ စုံလင်ပြီး ပန်ဒါဝက်ဝံ၊ ပီကင်းအော်ပရာ၊ နဂါးနှင့်ခြင်္သေ့အကများ၊ ရိုးရာပွဲတော်များ၊ အထင်ကရရှုမျှော်ခင်းများနှင့် မြို့အထင်ကရများ အစရှိသည့် တရုတ်အငွေ့အသက်များစွာ ပါဝင်ပါသည်။ ပြိုင်ပွဲဝင်များသည် ပန်းချီလက်ရာများမှတစ်ဆင့် တရုတ်ယဉ်ကျေးမှုအပေါ် ချစ်မြတ်နိုးမှုနှင့် တရုတ်နိုင်ငံအတွက် ဆုမွန်ကောင်းများကို ထုတ်ဖော်ပြသပြီး မြန်မာ့ကလေးသူငယ်၊ လူငယ်လူရွယ်များ၏ အမြင်ထဲက လှပသော တရုတ်နိုင်ငံပုံရိပ်များကို တင်ဆက်ဖော်ပြခဲ့ကြပါသည်။
ယခုတစ်ပတ်တွင် ဆုရပြိုင်ပွဲဝင်များ၏ ပုံရိပ်အချို့ကို မျှဝေတင်ဆက်ပေးသွားမည် ဖြစ်သဖြင့် အားလုံး အတူတကွ ကြည့်ရှုလိုက်ကြရအောင်လားရှင်။ (ဓာတ်ပုံအစဉ်လိုက်ဖော်ပြချက်တွင် အဆင့်သတ်မှတ်ချက်မရှိပါ။)

Eaint Hmue Kabyar

Hein Thureinn

Htet Myat Hein

詹博玮

Chit Hsu Theingi

Phoo Pyae Hmue Chal

Ye Myat Bhone Shan

Kyi Phyu Shin Thant Khin

Aung Phone Pyae (黄全成)

Kyi Phyu Aye(葛悦宁)

San Min Myat

Wuttyi Moe

Thae Su Win
