တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း သတ္တိစွမ်းပကား နှလုံးသားအလှတရား - တရုတ်ဝူရှူးသိုင်းပညာ၏ အရှိန်အဟုန်နှင့် အားမာန် (နိဂုံး)
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်ဝူရှူးသိုင်းပညာသည် တရုတ်လူမျိုးတို့၏ လယ်ယာစိုက်ပျိုးရေးယဉ်ကျေးမှုများမှ ဖြစ်တည်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကျန်းမာရေးညီညွတ်မျှတ၍ စိတ်သွားတိုင်းကိုယ်ပါခြင်းသည် ဝူရှူးသိုင်းပညာ မိတ်ဆက်ဖြန့်ဝေမှု၏ အရေးပါသော အယူအဆ သဘောတရားပင် ဖြစ်ပေသည်။
ဝူရှူးသိုင်းပညာသည် တရုတ်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အရင်းခံများကို စောင့်ထိန်းပေးသည့် ကိုယ်ကာယလေ့ကျင့်မှုဆိုင်ရာ ယဉ်ကျေးမှုတစ်မျိုး ဖြစ်သည်။ လှုပ်ရှားမှုတိုင်းတွင် အရှေ့တိုင်းယဉ်ကျေးမှု၏ အတွေးအခေါ်အယူအဆများကို ထင်ဟပ်ဖော်ပြနေပြီး တရုတ်လူမျိုးတို့၏ ကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတစ်မျိုးအဖြစ်လည်း ဖော်ပြနေပါသည်။
ကမ္ဘာတစ်ဝှမ်းရှိ များသထက်များသော မိတ်ဆွေများမှ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေမည့် အားကစားဖြစ်သော ဝူရှူးသိုင်းပညာအားကစားကို လေ့ကျင့်လိုက်စား၍ ဝူရှူးသိုင်းပညာမှ အရှေ့တိုင်းအတွေးအမြင်များကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခံစားနိုင်ရန် မျှော်လင့်ပါသည်။