လှပသော တရုတ်နိုင်ငံ ရာသီစာများနှင့် ပြည့်နှက်နေသော ရာသီချိန်(၂၄)ခု - ဆောင်းဦးဝင်စရာသီချိန်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-23 13:47:36


ဗီဒီယိုကို Chengdu Radio and Television International Communication Cooperation Center (Chengdu Plus) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ဆောင်းဦးဝင်စရာသီချိန် (Li Qiu) သည် တရုတ်ရိုးရာရာသီချိန် (၂၄)ခုအနက်မှ (၁၃)ခုမြောက်ရာသီချိန်ဖြစ်ပြီး ဆောင်းဦးရာသီ၏အစကို ကိုယ်စားပြုသည်။ တရုတ်နိုင်ငံတွင် ဆောင်းဦးဝင်စရာသီချိန်မှစတင်၍ “ဆောင်းဦးချိန်ခါ ပြည့်ဝစုံလင်စွာစား၊ ခန္ဓာဝဖြိုး ကျန်းမာသန်စွမ်းစေသား” ဟူသော စကားရပ်နှင့်အညီ ဆောင်းဦးရာသီ၌ အာဟာရဓာတ်ကြွယ်ဝစာများကို ဖြည့်စွက်စားသုံးလေ့ရှိသည့် ရိုးရာဓလေ့ထုံးတမ်းတစ်ခုရှိသည်။ ဤရာသီတွင် ကျန်းမာရေးအတွက် ကောင်းမွန်စေသော အနွေးဓာတ်ဓာအသားအချို့နှင့် “ရေဓာတ်နှင့်အစိုဓာတ် ပေါများသော” အစားအသောက်များကို စားသုံးလေ့ရှိကြသည်။ ယနေ့အစီအစဉ်တွင် ဆောင်းဦးရာသီ၏ ဖြည့်စွက်စာအဖြစ် စားသုံးရန် သင့်လျော်ပြီး အာဟာရဖြစ်စေရုံသာမက အပူငြိမ်းအေးစေသော ထူးခြားဖွယ် ဒေသထွက်အစားအစာနှစ်မျိုးဖြစ်သည့် ကြာပန်းနှင့်ဝက်သားဆီပြန်ချက်၊ ပန်းသစ်တော်အသားလုံးပေါင်းတို့ကို စီချွမ်ပြည်နယ် (Sichuan) ချန်ဒူးမြို့ (Chengdu) ရှိ စားဖိုမှူးနှစ်ဦးနှင့်အတူတူ မြည်းစမ်းကြည့်ကြရအောင်လားရှင်။