စနေနေ့ရုပ်ရှင်အစီအစဉ် - “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင်
ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာမှ "စနေ့နေ့ရုပ်ရှင်အစီအစဉ်" ကို ၂၀၂၀ပြည့်နှစ် ဧပြီလ ၁၁ရက်နေ့မှ စတင်၍ အပတ်စဉ် စနေနေ့တိုင်း တင်ဆက် ပြသပေးသွားပါမည်။ ယခုတစ်ပတ်သည် ပထမမြောက်အပတ်ဖြစ်ပါသည်။
ဗီဒီယိုအား China Media Group (CMG) ရုပ်သံဌာနမှ ကူးယူဖော်ပြထားပါသည်။
မှတ်တမ်းရုပ်ရှင်
“အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်(Season 1)
အပိုင်း(၁) လူ့ခေါင်းသဏ္ဌာန်ကြွေအိုး”
ကြာချိန် - ၅ မိနစ်
အကြောင်းအရာမိတ်ဆက်အကျဉ်း:
“အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင်သည် China Media Group (CMG) ရုပ်သံဌာနမှ ရိုက်ကူးဖန်တီးထားသော အပိုင်းရာကျော်ပါရှိသည့် မှတ်တမ်းရုပ်ရှင်ဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အမျိုးပေါင်း (၁၀၀) ကို ပြသပေးထားပါသည်။ ဤမှတ်တမ်းရုပ်ရှင်တွင် နိုင်ငံ့ပုံရိပ်ဆောင် အဖိုးတန် အမွေအနှစ်ရတနာများကို ၅ မိနစ်စာ ဗီဒီယိုဖြင့် စုစည်းတင်ပြထားပြီး ရှေးခေတ်ဟောင်းနှင့် မျက်မှောက်ခေတ်ကာလများဆီသို့ သွားရောက်၍ ရှေးခေတ်ပညာရှိများနှင့် မျက်မှောက်ခေတ်လူသားများအကြောင်း စူးစမ်းလေ့လာကာ နိုင်ငံ့ရတနာများ၏ နောက်ကွယ်က လူသိနည်းသော ဒဏ္ဍာရီပုံပြင်များနှင့် ကံကြမ္မာအလှည့်အပြောင်းမျာကို အလေးထား တင်ဆက်ဖော်ပြထားပါသည်။ စိတ်ဝင်စားဖွယ်ရာ ဇာတ်ကြောင်းပုံပြင်များအကြား တရုတ်လူမျိုးများ၏ စိတ်ဝိညာဉ်ကို ရှာဖွေခြင်းဖြင့် ပရိတ်သတ်များအား ကိုယ်တိုင်ကိုယ်ကျ ခံစားစီးမျောစေကာ တရုတ်နိုင်ငံ၏ မတိမ်ကော မပျက်ကွယ်ဘဲ ထာဝစဉ် ကျန်ရစ်နေမည့် နိုင်ငံ့ရတနာများ၏ တန်ဖိုးနှင့် ဆွဲဆောင်မှုတို့ကို နားလည်နိုင်စေပါသည်။