ကမ္ဘာ့စာအုပ်များနေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ အားလုံးအား စာလေ့လာဖတ်ရှုရန် ဖိတ်ခေါ်ခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 10:30:48

နှစ်တစ်နှစ်၏ နွေဦး အချိန်အခါသို့ တစ်ဖန် ရောက်ရှိလာပြီ ဖြစ်၍ ကမ္ဘာ့စာအုပ်များနေ့သို့ ထပ်မံ ရောက်ရှိလို့လာပြီပဲ ဖြစ်ပါတယ်။ ကမ္ဘာ့စာအုပ်များနေ့ကို အားလုံးပဲ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ယခု ကမ္ဘာ့စာအုပ်များနေ့ အကြောင်းအရာ ဗဟုသုတများကို အတူတကွ ပြန်နွှေး လေ့လာ ကြရအောင်လားရှင်။


图片


ကမ္ဘာ့စာအုပ်များနေ့


ယူနက်စကိုမှ ဧပြီလ ၂၃ရက်နေ့ကို “ကမ္ဘာ့စာအုပ်များနေ့” အဖြစ်  ၁၉၉၅ခုနှစ်တွင် သတ်မှတ်လိုက်ပြီး ကမ္ဘာနှင့်အဝှမ်း စာဖတ်ခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းနှင့် ဗဟုသုတဆိုင်ရာ မူပိုင်ခွင့် ကာကွယ်ခြင်းများကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ ဧပြီလ ၂၃ ရက်နေ့သည် စပိန် စာရေးဆရာကြီး Miguel de Cervantes Saavedra  ကွယ်လွန်သည့် အထိမ်းအမှတ်နေ့ ဖြစ်ပြီး ထိုနေ့သည်  စာရေးဆရာကြီး William Shakespeare ၏ မွေးနေ့နှင့် ကွယ်လွန်သည့် အထိမ်းအမှတ်နေ့လည်း ဖြစ်သည့်အပြင် အမေရိကန်  စာရေးဆရာကြီး Vladimir Vladimirovich Nabokov ၊ ပြင်သစ်စာရေးဆရာကြီး Maurice Druon နှင့် အိုက်စလန်နိုင်ငံ နိုဘယ်စာပေဆုရှင်  Halldór Kiljan Laxness အစရှိသော စာပေပညာရှင်ကြီးများ၏ မွေးနေ့လည်း ဖြစ်သောကြောင့် ထိုနေ့ကို “ကမ္ဘာ့စာအုပ်များနေ့” ဟု သတ်မှတ်လိုက်ခြင်းမှာ လွန်စွာ သင့်လျော်လှပေသည်။ “ကမ္ဘာ့စာအုပ်များနေ့”၏ အဓိကဆောင်ပုဒ် မှာ “ကမ္ဘာပေါ်ရှိ လူသား အားလုံးတို့သည် အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ၊ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ၊ ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ စာဖတ်ခြင်း၏ ပျော်ရွင်မှုရသကို ခံစားနိုင်မည် ဖြစ်ပြီး လူ့ယဉ်ကျေးမှုအတွက် အကျိုးကျေးဇူး များစွာကို ပေးစွမ်းနိုင်သော စာအုပ်စာပေများ ၊ ယဉ်ကျေးမှုနှင့် သိပ္ပံအတွေးအခေါ်ပိုင်းဆိုင်ရာ ပညာရှင်များအား တလေးတစားနှင့် ကျေးဇူးတင်ရှိနိုင်မည် ဖြစ်ပြီး  ဗဟုသုတဆိုင်ရာ မူပိုင်ခွင့်ကိုလည်း  ကာကွယ် နိုင်ပေသည် ။


ထိုကဲ့သို့ ထူးခြားသောနေ့လေးမှာ အတူတကွ စာဖတ်ရှုနိုင်ရန် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာရှိ စာဖတ်ခန်းကို မိတ်ဆွေများ အားလုံးနှင့် မိတ်ဆက်ပေးပါရစေရှင်။


图片


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာရှိ စာဖတ်ခန်း၏ မြင်ကွင်းတစ်နေရာ


图片


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာစာဖတ်ခန်း


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာရှိ စာဖတ်ခန်းသည် သန့်ရှင်း သပ်ရပ်၍  စာဖတ်ခန်းတွင် စာအုပ်ပေါင်း(၁၁၈၀၀)ကျော် စုဆောင်း ထားရှိပြီး ကွန်ပျူတာများနှင့် အရုပ်၊အသံပိုင်းဆိုင်ရာ လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများလည်း တပ်ဆင် ထားရှိ ပါသည်။ စာအုပ်အကြောင်းအရာများ စုံလင်ကြွယ်ဝပြီး စာအုပ် အမျိုးအစား များပြားလှပါသည်။ နိုင်ငံရေး၊ ဥပဒေ၊ စစ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံပညာ၊ ပညာရေး၊ အားကစား၊ အနုပညာ၊ သမိုင်း၊ ပထဝီ၊ အထွေထွေသဘာဝသိပ္ပံ၊ သင်္ချာသိပ္ပံနှင့်ဓါတုဗေဒ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒသိပ္ပံ၊ ဆေးပညာ၊ ကျန်းမာရေး၊ စိုက်ပျိုးရေးသိပ္ပံ၊ စက်မှုသိပ္ပံ၊ သယ်ယူပို့ဆောင်ရေး၊ လေကြောင်း၊ အာကာသ၊ ပတ်ဝန်းကျင်သိပ္ပံ၊ အထွေထွေ ဗဟုသုတ စာအုပ်များနှင့် စီဒီခွေများ စသဖြင့် စုံလင်စွာ ရှိပါသည်။ စာဖတ်ခန်းရှိ စာအုပ်များကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့မှ စတင်၍ ငှားရမ်းခွင့် ပြုခဲ့ပါသည်။ တစ်ကြိမ်လျှင် စာအုပ် (၂)အုပ် ငှားရမ်းနိုင်ပြီး ငှားရမ်းကာလမှာ ရက်(၂၀) ကြာမြင့် နိုင်သည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ မိတ်ဆွေများအားလုံးအား စာအုပ်များ အတူတကွ ဖတ်ရှုလေ့လာရန်  ဖိတ်ခေါ်ရင်း ကျွန်ုပ်တို့ အားလုံး ဗဟုသုတ ဝေဟင်ထက်၌ ပျံဝဲကာ လှပသော အနာဂတ်ကို အတူတူ ကြိုဆို လိုက်ကြရအောင်လားရှင်။


图片