တရုတ်အနုပညာ - ကမ္ဘာ့အမွေအနှစ်ပုံရိပ်ပညာ
ဤဓာတ်ပုံများကို တရုတ်နိုင်ငံရာစုနှစ်အထိမ်းအမှတ်အနုပညာပြတိုက်မှ ပံ့ပိုးကူညီထားပါသည်

ကမ္ဘာ့အမွေအနှစ်ပုံရိပ်ပညာသည် “ပညာရှင်အဆင့်ဓာတ်ပုံပညာရှင်” ဟူသည့် ဂုဏ်ဒြပ်ရရှိထားသည့် နာမည်ကျော်ဓာတ်ပုံပညာရှင် ကျိုးမေရှိန်း (Zhou Meisheng) မှ တင်ပြထားသည့် ပညာရပ်ဆိုင်ရာရှုမြင်ချက်တစ်ခုဖြစ်သည်။ သူသည် ဓာတ်ပုံအနုပညာ၏ ပုံစံအသစ်အား စူးစမ်းရှာဖွေခြင်း၊ ဓာတ်ပုံပညာဆိုင်ရာ အတွေးအမြင်သစ်များအား သရုပ်ပြခြင်းနှင့် ပုံရိပ်များကို အသုံးပြု၍ ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်များကို တင်ပြခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းတို့ကို ထောက်ခံအားပေးသည်။
၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပပြုလုပ်ခဲ့သည့် “တော်ဝင်နန်းတော်စီမံကိန်းရလဒ်ပြပွဲ” တွင် ပေကျင်းရှေးဟောင်းနန်းတော်အား မတူညီသောရှုထောင့်အမျိုးမျိုးမှနေ၍ ရိုက်ကူးထားသည့် မြင်ကွင်းပုံရိပ်များကို ထည့်သွင်းပြသထားပြီး မှတ်တမ်းဝင်မှု၊ အနုပညာလက်ရာမြောက်မှု၊ စနစ်ကျမှု စသည့် လက္ခဏာများကို ဆက်စပ်ထည့်သွင်းဖော်ပြထားကာ အပိုင်းအစများမှနေ၍ ဖွဲ့စည်းပုံတစ်ခုလုံးအထိ တရုတ်နန်းတော်၏ သမိုင်းဝင်အမွေအနှစ်မှတ်တမ်းများကို သိရှိနားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။


