ငါးရောင်ခြယ်မြေ၏ ကဗျာဆန်ချက် - တရုတ်တောင်သူပန်းချီကား အွန်လိုင်းပုံရိပ်ယောင်ပြပွဲ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 10:28:24

图片


တောင်သူပန်းချီကားဆိုသည်မှာ တရုတ်ရိုးရာ အရပ်ဓလေ့ပန်းချီကားများအနက်မှ တစ်မျိုးဖြစ်ပြီး 


တရုတ်လူမျိုးများ၏ လေးနက်ပြည့်စုံသော အနှစ်သာရများပါရှိသည့် ရိုးရာအရပ်အနုပညာ ဖြစ်သည်။ 


၎င်းမှာ တောင်သူတို့ကိုယ်တိုင် တီထွင်ဖန်တီးရေးဆွဲပြီး ခံစားမြတ်နိုးသည့် ပန်းချီကားပင် ဖြစ်သည်။ 


图片


တောင်သူပန်းချီကားများတွင် စက္ကူကပ်တံခါးစောင့်နတ်နှင့် လာဘ်ကျက်သရေဆောင် ပန်းချီကားများ ပါဝင်ပြီး


လူသားများ၏ လူနေမှုဘဝ စိတ်ဝင်စားဖွယ်ရာများနှင့် ခံယူချက်အမြင်များကို စုစည်းဖော်ပြထားကာ 


မူဟန် ထူးခြားချဲ့ကားမှုများနှင့် တောရွာအငွေ့အသက်များ အပြည့်အနှက် ပါရှိပါသည်။ 


图片

ဖီးကျိုး(Pizhou)မြို့ တောင်သူပန်းချီကားသည် ၁၉၅၀ ခုနှစ်များမှ စတင်၍ ပေါ်ပေါက်ထွန်းကားလာခြင်း ဖြစ်သည်။


ထိုစဉ်အခါသည် ခေတ်သစ်တရုတ်နိုင်ငံကို ထူထောင်ခါစဖြစ်ပြီး


များစွာသော တောင်သူတို့သည် အရောင်မျိုးစုံဖြင့် နံရံပေါ်၌ ပန်းချီရုပ်ပုံများကို တက်ကြွစွာ ရေးဆွဲ၍


လူမှုအဖွဲ့အစည်းအခြေအနေကို ရေးဆွဲပုံဖော်ကာ တောင်သူတို့၏ လူနေမှုဘဝများကို ထင်ဟပ်ဖော်ပြခဲ့ပါသည်။ 


图片


“ရွာတိုင်းရွာတိုင်း နံရံပန်းချီနှင့်၊ အိမ်တိုင်းအိမ်တိုင်း ပန်းချီနံရံအပြည့်” ဆိုသည့်အတိုင်း ထိုခေတ်အခါ၏ ကျေးရွာအံ့ဖွယ်တစ်ခုအဖြစ် ဖြစ်တည်လာခဲ့ပါသည်။ 


ရာစုနှစ်တစ်ဝက်တစ်လျှောက် ဖီးကျိုး(Pizhou)မြို့ တောင်သူပန်းချီကားသည် အဆက်မပြတ် ဆန်းသစ်တီထွင်ဖန်တီးမှုများကြောင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး တရုတ်ရိုးရာအရပ်ပန်းချီ၏ သာလွန်ထူးကဲမှုတစ်ရပ်အဖြစ် ဖြစ်တည်လာခဲ့ပါသည်။


图片


ထို့ကြောင့်ပင် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဖီးကျိုး(Pizhou)မြို့ကို “မျက်မှောက်ခေတ် အရပ်ပန်းချီ ဇာတိမြေ” ၊ “တရုတ်နိုင်ငံ အရပ်ယဉ်ကျေးမှု အနုပညာဌာနေ” ဟူ၍ ခေါ်ဝေါ်သတ်မှတ်ခဲ့ပါသည်။ 


ဤတစ်ကြိမ်ပြပွဲတွင် ဖီးကျိုး(Pizhou)မြို့ တောင်သူပန်းချီကား အချပ် (၆၀) ကို ပြသသွားမည် ဖြစ်ပါသည်။


图片


မိတ်ဆွေပရိသတ်များအားလုံး ဤဟန်ခေတ်ယဉ်ကျေးမှု စတင်ပေါ်ထွန်းရာ ဇာစ်မြစ်ဒေသမှ အရပ်အနုပညာ၏ ဂုဏ်သတင်းသင်းပျံ့မှုနှင့် ညှို့ငင်ဆွဲဆောင်မှုများကို ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်မည်ဟု မျှော်လင့်ပါသည်။

图片

↑↑↑ 

QR code ကို နှိပ်ပြီး Online Celebration သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။