မြန်မာနိုင်ငံ အင်အားပြင်းမြေငလျင် - တရုတ်ကယ်ဆယ်ရေးအဖွဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း အခက်ခဲကူညီပေါက်ဖော်မည် စည်းလုံးအင်အားငလျင်ကျော်လွှား-မြန်မာနိုင်ငံ၏ ငလျင်ဘေးဒဏ်အတွက် တရုတ်နိုင်ငံအဖွဲ့အစည်းအသီးသီးမှ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း
မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံတွင် ငလျင်ကြီးဖြစ်ပွားပြီးနောက် မြန်မာ့အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်အနေဖြင့် တရုတ်အစိုးရနှင့်တရုတ်ပြည်သူများသည် ထပ်တူဝမ်းနည်းပြီး ဘေးဒဏ်သင့်ဒေသအတွက် စိုးရိမ်မကင်းဖြစ်ကာ ကူညီရေးလုပ်ငန်းများကို ချက်ချင်းစတင် ဆောင်ရွက်ခဲ့သည်။ အဖွဲ့ဝင်ပေါင်း ၆၀၀ ဦး ပါဝင်သော အစိုးရနှင့်အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့အစည်း ၂၈ ဖွဲ့ ကို စေလွှတ်ခဲ့သည့်အပြင် မြန်မာနိုင်ငံအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားရေး အကူအညီ အများအပြားကို ထောက်ပံ့ပေးခဲ့သည်။ တရုတ်အစိုးရသည် ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ယွမ်ငွေ ၁၀၀ သန်း ကူညီထောက်ပံ့မည်ဟု ကြေညာခဲ့ပြီး ပထမအသုတ်အဖြစ် တဲ ၁၂၀၀ လုံး၊ စောင် ၈၀၀၀ ထည်နှင့် အရေးပေါ်ဆေးအိတ် ၄၀၀၀၀ ကို မတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အရောက်ပို့ဆောင်ကာ လွှဲပြောင်းအပ်နှံခဲ့သည်။ ယူနန်ပြည်နယ်အစိုးရသည် ငလျင်ဖြစ်ပွားပြီး ၃ နာရီအတွင်း ယွမ်ငွေ ၅ သန်းတန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများကို အရေးပေါ်စီစဉ်ပို့ဆောင်ခဲ့ပြီး ဆေး၀ါး၊ အစားအစာ၊ တဲများ၊ ခေါက်ခုတင်များ၊ ခြင်ထောင်များနှင့် ရောဂါကာကွယ်ရေးပစ္စည်းများ ၃ ကြိမ်တိတိ ဘေးဒဏ်သင့်ဒေသသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲအစိုးရသည် ယွမ်ငွေ ၁.၁ သန်း တန်ဖိုးရှိသော ဆေးဝါးနှင့် အခြားလိုအပ်သည့်ပစ္စည်းများ လှူဒါန်းခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်ဂိတ်များတွင် အရေးပေါ်ဖြတ်သန်းမှုယန္တရားကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၄ နာရီ အချိန်ပြည့်ဝန်ဆောင်မှုပေး၍ “အစိမ်းရောင်အရေးပေါ်လမ်းကြောင်း” ကို ဖွင့်လှစ်ပေးခဲ့သည်။
သဘာဝဘေးအန္တရာယ်သည် အကြင်နာတရား ကင်းမဲ့သော်လည်း ပြည်သူများက မေတ္တာတရားရှိကာ တရုတ်အင်အားသည်လည်း လှုပ်ရှားလျက်ရှိပါသည်။ တရုတ်ပြည်သူများသည် မြန်မာပြည်သူများနှင့်အတူ အပြန်အလှန်ဖေးမကူညီ၍ လက်ရှိအခက်အခဲအား အတူကျော်ဖြတ်ကာ လက်တွေ့လှုပ်ရှားမှုဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို တင်ဆက်ဖော်ကျူးသွားမည် ဖြစ်ပေသည်။
တရုတ်အရပ်ဘက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များသည် ငွေကြေးနှင့် ပစ္စည်းများကို တက်ကြွစွာ လှူဒါန်းကြသည်။ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ယွမ်ငွေ ၁.၅ သန်းအပြင် ရွက်ဖျင်တဲ ၃၀၀ ခု၊ ချည်စောင်တဘက်၂၀၀၀ ထည်၊ ခေါက်ကုတင် ၆၀၀ ခုနှင့်ဘေးဒဏ်သင့်မိသားစု ၂၀၀၀ သုံးနိုင်သော မိသားစုအရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းအထုပ်များပေးအပ်ခဲ့သည်။ ယူနန်ပြည်နယ် ကြက်ခြေနီအသင်းသည် အလှူငွေ ယွမ် ၉ သိန်း၂ သောင်း နှင့်ယွမ် ၃ သိန်းတန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို စုဆောင်းနိုင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းကိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ The General Association of Dian Entrepreneurs မှ ယွမ် ၁ သန်းကျော်တန်ဖိုးရှိသောဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများလှူဒါန်းခဲ့ပြီး ဘေးသင့်ပြည်သူများထံသို့ ဆက်တိုက် ပို့ဆောင်ပေးလျှက်ရှိသည်။
မြန်မာနိုင်ငံရှိ တရုတ်အဖွဲ့အစည်း၊ ကုမ္ပဏီနှင့် စေတနာ့ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြသည်။ တရုတ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မြန်မာရုံးခန်းက မန္တလေးနှင့် နေပြည်တော်၌ ငလျင်ဒဏ်သင့်ပြည်သူ မိသားစု ၁၀၀၀ အတွက် လူနေမှုဘဝပစ္စည်းများ လှူဒါန်းပေးခဲ့သည်။ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေ မြန်မာကျပ် ၁ ဘီလီယံ၊ မြန်မာကျပ် ၁.၅ ဘီလီယံ တန်ဖိုးရှိ ပစ္စည်းများ စုဆောင်းခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများလက်ထဲသို့ ဆက်တိုက်ပို့ဆောင်ပေးလျက်ရှိသည်။ တရုတ်လုပ်ငန်းကုမ္ပဏီမှဝန်ထမ်းများက စေတနာ့ဝန်ထမ်းများအဖြစ် ကိုယ်တိုင်ပါဝင်ကာ ဘာသာပြန်၊ ထောက်ပံ့ပို့ဆောင်ရေး စသည့်ဝန်ဆောင်မှုဆိုင်ရာ အာမခံပေးမှုများ လုပ်ဆောင်ခဲ့သည်။ တရုတ်တက္ကသိုလ်ကလည်း DeepSeek ကိုအခြေခံ၍ တရုတ်-မြန်မာ-အင်္ဂလိပ် အပြန်အလှန် ဘာသာပြန်ဆိုသောစနစ်ကို အရေးပေါ်ဖော်ဆောင်ခဲ့သည်။ တစ်ကမ္ဘာလုံးရှိ တရုတ်စေတနာ့ဝန်ထမ်းများက ကယ်ဆယ်ပေးရန် အကူအညီတောင်းခံသော အချက်အလက်များအား လိုက်လံစုဆောင်း၍ တရုတ်၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာဖြင့် ငလျင်ဒဏ်သင့်မှုအခြေအနေ တိုက်ရိုက်မြေပုံ(Live Map)ပြုလုပ်ကာ ကယ်ဆယ်ရေးအဖွဲ့အတွက် သတင်းအချက်အလက် ပံ့ပိုးမှုများ လုပ်ဆောင်ပေးခဲ့သည်။