မြန်မာနိုင်ငံ အင်အားပြင်းမြေငလျင် - တရုတ်ကယ်ဆယ်ရေးအဖွဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ပံ့ပိုးပေးသည့် ပထမအသုတ် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ အောင်မြင်စွာ ရောက်ရှိပြီး လွှဲပြောင်းပေးအပ်

အရင်းအမြစ် - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထုတ်ပြန်ချိန် - 2025-04-01 18:21:50


Image_20250408151610.png


ဒေသစံတော်ချိန် မတ်လ ၃၁ ရက် ၁၂:၁၅ နာရီတွင် တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ပံ့ပိုးပေးသည့် ပထမအသုတ် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing တို့က လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။


သံအမတ်ကြီး Ms. Ma Jia က ယခုအကြိမ် ပထမဆုံးအသုတ်အဖြစ် ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများတွင် တဲ ၁၂၀၀ လုံး၊ စောင် ၈၀၀၀ ထည်နှင့် အရေးပေါ်ဆေးအိတ် ၄၀၀၀၀ ကျော် ပါဝင်ကြောင်း၊ ကျန်ရှိသောပစ္စည်းများကိုလည်း အရှိန်အဟုန်ဖြင့်ပြင်ဆင်နေပြီး မကြာမီ မြန်မာနိုင်ငံသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လိုအပ်ချက်များအရ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ ငလျင်ကြီးသည် မြေကြီးကိုကွဲအက်စေနိုင်သော်လည်း တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဖြတ်တောက်၍မရကြောင်း၊ မိမိတို့၏ အေးအတူပူအမျှ ကံကြမ္မာတူခြင်းနှင့် အပြန်အလှန်ဖေးမကူညီခြင်းဟူသည့် အတွေးအခေါ်နှင့်ယုံကြည်ချက်ကို တုန်လှုပ်မှု မဖြစ်စေနိုင်ကြောင်း မြန်မာပြည်သူပြည်သားများ ဘေးအန္တရာယ်ကို လျင်မြန်စွာကျော်လွှားနိုင်ပြီး နေရပ်ဌာနေ ပြန်လည်တည်ဆောက်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက ယခုရောက်ရှိလာသော ကယ်ဆယ်ရေးပစ္စည်း များတွင် တရုတ်အစိုးရနှင့် တရုတ်ပြည်သူတို့၏ မြန်မာပြည်သူများအပေါ်ထားရှိသည့် နက်ရှိုင်းသော မေတ္တာနှင့် စေတနာများ ပါဝင်နေကြောင်း၊ ငလျင်ဘေးဒဏ်ကျရောက်ပြီးနောက် တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေးအဖွဲ့သည် နိုင်ငံတကာအသိုင်းအဝိုင်းအနက်မှ မြန်မာနိုင်ငံသို့ ပထမဦးဆုံးရောက်ရှိလာသည့် အဖွဲ့ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အဖွဲ့များစွာကိုလည်း အဆက်မပြတ်စေလွှတ်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ စစ်မှန်သောကူညီမှုများကို ကျေးဇူးအထူးတင်ပါကြောင်း ဤကျေးဇူးကို အစဉ်အမြဲအောက်မေ့သတိရနေမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဤကူညီထောက်ပံ့မှုပစ္စည်းများကို ဘေးဒဏ်သင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


Image_20250408151613.jpg