DAY3 :တရုတ်နိုင်ငံသိုရောက်လျှင် မြန်နှုန်းမြင့်ရထားကို တစ်ကြိမ်တော့ စီးကြည့်လိုက်ပါ။

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2026-05-21 13:46:15


၂၀၂၆ ခုနှစ် မေလ ၁၉ ရက်နေ့သည် (၁၆) ကြိမ်မြောက် "တရုတ်ခရီးသွားနေ့" ဖြစ်ပါသည်။ တရုတ်နိုင်ငံသို့ ခရီသွားလည်ပတ်ရာတွင် ကြုံတွေ့ရမည့် "လက်တွေ့ကျသော" ကိစ္စရပ်များကို ဆက်လက် ပြောပြပေးသွားပါမယ်။ ယနေ့အကြောင်းအရာမှာ "အမြန်နှုန်း" နဲ့ သက်ဆိုင်ပါတယ်။


သင်သည် ပေကျင်းမှ ထွက်ခွာပြီး ရှန်ဟိုင်းသို့သွားကာ ရှောင်လုံပေါင်း(ဟင်းရည်ပေါက်စီ) စားချင်နေတယ်ဟု စိတ်ကူးကြည့်လိုက်ပါ။ ကားစီးမလားဆိုတော့ ကားက အရမ်းနှေးတယ်။ လေယာဉ်စီးမလားဆိုတော့ လေယာဉ်စောင့်ချိန်၊ လုံခြုံရေးစစ်ဆေးချိန်၊ လေဆိပ်အသွားအပြန်ချိန်တွေ ပေါင်းလိုက်ရင်လည်း တကယ်တမ်း သွားရတာ မမြန်ပါဘူး။ ဒါပေမဲ့ မြန်နှုန်းမြင့်ရထားစီးမယ်ဆိုရင်တော့ ၄ နာရီကျော်သာ ကြာပြီး သက်တောင့်သက်သာနဲ့ စီးနိုင်ပါတယ်။ ရထားတွဲအတွင်းမှာလည်း လမ်းလျှောက်နိုင်ပါသေးတယ်။ 


တရုတ်နိုင်ငံရောက်လျှင် တစ်ကြိမ်တော့ မြန်နှုန်းမြင့်ရထား စီးကြည့်လိုက်ပါ။ ၎င်းသည် "အမြန်ဆုံးရထား" ဖြစ်တာကြောင့် မဟုတ်ဘဲ ၎င်းကိုယ်၌ပင် ရှုခင်းတစ်ခု ဖြစ်နေတာကြောင့်ပါ။


Image_20260521152700.png


၁။ တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားသည် ဘယ်လောက်မြန်ဆန်သလဲ။


တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားသည် မောင်းနှင်ချိန်တွင် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အထိ ရောက်ရှိနိုင်ပြီး ကမ္ဘာပေါ်တွင် စီးပွားဖြစ် မောင်းနှင်လည်ပတ်မှု အမြန်ဆုံး မြန်နှုန်းမြင့်ရထားစနစ်များထဲမှ တစ်ခု ဖြစ်ပါတယ်။


ဥပမာတစ်ခုပြရသော် ကွမ်ကျိုးမြို့မှ ဆန်းကျန့်မြို့သို့ မြန်နှုန်းမြင့်ရထားစီးလျှင် ၂၉ မိနစ်သာ ကြာမြင့်ပါတယ်။ ရန်ကုန်မြို့လယ်မှ လေဆိပ်သို့ ကားပိတ်နေသောလမ်းအတိုင်း သွားသည်ထက်ပင် ပို၍ မြန်တယ်။ ကားစီးသည်ထက် မြန်ပြီး လေယာဉ်စီးသည်ထက် အချိန်မှန်ကာ နောက်ကျခြင်းလည်း ရှားပါတယ်။


Image_20260521152707.jpg


၂။ တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားသည် ဘယ်လောက်အဆင်ပြေသလဲ။


လက်မှတ်ဝယ်ယူခြင်း - "Railway 12306" App ကို ဒေါင်းလုဒ်လုပ်ပြီး နိုင်ငံကူးလက်မှတ်ဖြင့် စာရင်းသွင်းကာ အွန်လိုင်းမှ လက်မှတ်ဝယ်ယူနိုင်ပါတယ်။ မီးရထားဘူတာရုံရှိ နေရာများ သို့မဟုတ် အလိုအလျောက်လက်မှတ်ထုတ်စက်များတွင်လည်း ဝယ်ယူနိုင်ပါတယ်။


ဘူတာရုံဝင်ရန် - နိုင်ငံကူးလက်မှတ်ကို ဂိတ်စက်တွင် စကင်ဖတ်လိုက်ရုံဖြင့် ဝင်ရောက်နိုင်ပါတယ်။ အချို့သော ဘူတာရုံများတွင် "မျက်နှာကို စကင်ဖတ်၍ ဝင်ခြင်း" ဖြင့် ပိုမိုမြန်ဆန်စွာ ဝင်ရောက်နိုင်ပါတယ်။


ရထားစီးခြင်း- ရထားတွဲများမှာ သန့်ရှင်းပြီး ထိုင်ခုံများ ကျယ်ဝန်းကာ လေအေးပေးစနစ် ကောင်းမွန်ပါတယ်။ ဒုတိယတန်းထိုင်ခုံမှာ သက်တောင့်သက်သာရှိပြီး ပထမတန်းထိုင်ခုံမှာ ပိုမိုကျယ်ဝန်းကာ အထက်တန်းထိုင်ခုံမှာတော့ လှဲအိပ်နိုင်ပါတယ်။


စားသောက်ရန် - ထိုင်ခုံပေါ်တွင် QR ကုဒ်ပါရှိပြီး စကင်ဖတ်လိုက်ရုံနှင့် အစားအသောက်များ မှာယူနိုင်ကာ ရထားဝန်ထမ်းများက သင့်ထိုင်ခုံဆီသို့ ယူဆောင်လာပေးမှာပါ။ ထမင်းဘူး၊ မုန့်ပဲသရေစာများ၊ အဖျော်ယမကာများ အားလုံးရှိပါတယ်။


Image_20260521152711.jpg


အကြံပြုချက်- 12306 App တွင် အင်္ဂလိပ်ဘာသာဖြင့် ကြည့်ရှုနိုင်ပြီး နားမလည်မှာကို စိုးရိမ်နေရန် မလိုပါ။


၃။ မြန်နှုန်းမြင့်ရထားစီးလျှင် ဘယ်အရာတွေ တွေ့မြင်နိုင်သလဲ။


တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထား၏ အကြီးမားဆုံး ထူးခြားချက်မှာ မြန်ဆန်ခြင်းမဟုတ်ဘဲ ပြတင်းပေါက်အပြင်ဘက်ရှိ ရှုခင်းများသာ ဖြစ်တယ်။


ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ ခရီးတွင် North China လွင်ပြင်၏ ကျယ်ပြန့်မှု၊ မြစ်ဝါမြစ်၏ ခမ်းနားမှုနှင့် ကျန်းနန်ဒေသ၏ မြစ်ချောင်းရေပြင် ရှုခင်းတို့ကို တွေ့မြင်နိုင်ပါတယ်။


ချန်တူးမြို့မှ ကူမင်းမြို့သို့ ခရီးတွင် Hengduan တောင်တန်းကို ဖြတ်ကျော်ကာ ဥမင်လိုဏ်ခေါင်းများနှင့် တံတားများမှာလည်း ဆက်သွယ်ထားပြီး တိမ်ပင်လယ်သည် ခြေရင်းအောက်တွင် လှုပ်ရှားနေသည်ကို တွေ့မြင်နိုင်ပါတယ်။


လန်ကျိုးမြို့မှ ဥရူမုချီမြို့သို့ ခရီးတွင် ဂိုဘီသဲကန္တာရ၏ နေထွက်ခြင်းသည် ဧရာမပန်းချီကားချပ်ကြီးတစ်ချပ်နှင့် တူသည်ကို တွေ့မြင်နိုင်ပါတယ်။


လူအချို့သည် "ရှုခင်းကြည့်ရန်" အတွက်သာ မြန်နှုန်းမြင့်ရထားကို အထူးတလည် စီးကြတယ်။ လက်ဖက်ရည်တစ်ခွက်ကို ယူဆောင်ကာ ပြတင်းပေါက်ဘေးတွင် ထိုင်စီးလိုက်ပါ။ နာရီအနည်းငယ်ကြာလျှင် ရုပ်ရှင်ကားတစ်ကား ကြည့်နေရသလို ခံစားရပါလိမ့်မယ်။


Image_20260521152715.png


၄။ နိုင်ငံခြားသားများ မြန်နှုန်းမြင့်ရထားကို ဘယ်လိုစီးမလဲ။


ငါတရုတ်စကား မပြောတတ်ရင်ရော မြန်နှုန်းမြင့် ရထားစီးလို့ရမလား ဟု မြန်မာမိတ်ဆွေများစွာက မေးကြပါတယ်။ အဖြေမှာ လုံးဝရပါတယ်နော်။


12306 App တွင် အင်္ဂလိပ်ဘာသာဖြင့် ကြည့်ရှုနိုင်ပြီး မီးရထားဘူတာရုံများတွင် အင်္ဂလိပ်ဘာသာ ဆိုင်းဘုတ်များ ရှိပါတယ်။  ဘူတာကြီးများတွင် အင်္ဂလိပ်လိုလည်း ကြေညာပါတယ်။ လက်မှတ်ရောင်းချသော နေရာရှိ ဝန်ထမ်းများအား နိုင်ငံကူးလက်မှတ် ပြပြီး တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ ရထားတွဲအတွင်းရှိ အီလက်ထရွန်းနစ် ဖန်သားပြင်သည် တရုတ်-အင်္ဂလိပ် ဘာသာနှစ်မျိုးဖြင့် ဖော်ပြပေးထားပါတယ်။


အကြံပြုချက်တစ်ခု - မထွက်ခွာမီ ရထားအမှတ်၊ ရထားအချိန်၊ ထိုင်ခုံအမှတ်တို့ကို ဖုန်းထဲတွင် Screenshot ဖြင့် သိမ်းဆည်းထားပါ။ ရထားတက်ချိန်တွင် ရထားဝန်ထမ်းအား တိုက်ရိုက်ပြသလိုက်ပါ။ သူတို့က စိတ်အားထက်သန်စွာ လမ်းညွှန်ပြပေးပါလိမ့်မယ်။


Image_20260521152719.jpg


၅။ မြန်နှုန်းမြင့်ရထားစီးရန် အကြံပြုချက်များ


ကြိုတင်လက်မှတ်ဝယ်ပါ - လူစီးများသော ရထားလမ်းကြောင်း ခရီးစဉ်များတွင် ရထားလက်မှတ်များ အလွန်ဝယ်ရခက်ပါတယ်။ အထူးသဖြင့် ပွဲတော်နေ့ရက်များ၌ ဝယ်ရခက်ပါတယ်။ ၃-၅ ရက် ကြိုတင်၍ 12306 App တွင် ဝယ်ယူရန် အကြံပြုပါတယ်။


နိုင်ငံကူးလက်မှတ် ယူဆောင်သွားပါ - ဘူတာရုံဝင်ချိန်၊ ရထားတက်ချိန်၊ ဘူတာရုံဆင်းချိန်တိုင်းတွင် နိုင်ငံကူးလက်မှတ်ကို စစ်ဆေးပါတယ်။


မနောက်ကျပါစေနှင့် - မြန်နှုန်းမြင့်ရထားထွက်ခွာချိန် မတိုင်မီ ၅ မိနစ်တွင် လက်မှတ်စစ်ဆေးခြင်းကို ရပ်ဆိုင်းပြီး အချိန်လွန်ပါက သင့်ကို စောင့်ဆိုင်းမည် မဟုတ်ပါ။


အားသွင်းခြင်း - ထိုင်ခုံတိုင်း၏ အောက်တွင် ပလပ်ပေါက်များ ပါရှိပြီး ဖုန်းအားကုန်မည်ကို စိုးရိမ်စရာ မလိုပါ။


ခရီးဆောင်အိတ်များ - အိတ်ကြီးများကို ရထားတွဲ၏ အစွန်းနှစ်ဖက်ရှိ အိတ်စင်များတွင် ထားပြီး အိတ်ငယ်များကို ထိုင်ခုံအပေါ်ဘက်တွင် ထားပါ။


Image_20260521152722.jpg


နောက်ဆုံးထပ်ပြောရမယ်ဆိုရင်


တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့်ရထားသည် သယ်ယူပို့ဆောင်ရေးကိရိယာတစ်ခုမျှသာ မဟုတ်ပါ။ ၎င်းသည် တရုတ်နိုင်ငံ၏ အတွေ့အကြုံကို ခံစားရန် အထိုက်တန်ဆုံးသော "အထင်ကရနေရာ" တစ်ခုလည်း ဖြစ်တယ်။ သင်သည် တည်ငြိမ်နေသော ရထားတွဲအတွင်း၌ ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ အရှိန်ပြင်းစွာ နောက်သို့ ဆုတ်သွားသော ရှုခင်းများကို ကြည့်ရှုမိသောအခါ ဤခရီးစဉ်သည် ရထားစီးခနဲ့ ထိုက်တန်တယ်ဟု သင်ခံစားရပါလိမ့်မယ်။


Image_20260521152726.jpg


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ WeChat Official အကောင့်ကို Follow လုပ်ထားပြီး တရုတ်နိုင်ငံ၏ ခရီးသွားဆိုင်ရာ လက်တွေ့ကျအသုံးဝင်သော အချက်အလက်များကို ရယူလိုက်ပါ။