ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ "တရုတ်ခရီးသွားနေ့" အွန်လိုင်းအစီအစဉ်တင်ဆက်ခြင်း
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2025-05-16 19:25:24
၂၀၂၅ ခုနှစ် မေလ (၁၉)ရက်နေ့သည် (၁၅)ကြိမ်မြောက် တရုတ်ခရီးသွားနေ့ ဖြစ်ပြီး ဆောင်ပုဒ်မှာ “တောတောင်ရေမြေ ရှုမျှော်ခင်းခရီးစဉ်” ဖြစ်သည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မေလ (၁၉)ရက်နေ့မှ စတင်ကာ “တောတောင်ရေမြေ ရှုမျှော်ခင်းခရီးစဉ်” ကဏ္ဍတွဲ ယဉ်ကျေးမှုနှင့် ခရီးသွားအွန်လိုင်းအစီအစဉ်ကို တင်ဆက်သွားမည် ဖြစ်ပါသည်။ အစီအစဉ်ကို “ယူနန်ခရီးသွားဗီဒီယိုများ” နှင့် “ယူနန်ခရီးသွားဓာတ်ပုံများ” စသဖြင့် ကဏ္ဍများ ခွဲထားပါသည်။ ခမ်းနားထည်ဝါသော ဗီဒီယိုများနှင့် သာယာလှပသော ဓာတ်ပုံများမှတစ်ဆင့် ယူနန်ပြည်နယ်၏ လူမှုဘဝအလှအပများကို လေ့လာနိုင်မည်ဖြစ်ပြီး ကြည့်ရှုအားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။