တရုတ်လက်မှုပညာရှင်၏ လက်တစ်စုံဖြင့် သေးမျှင်သော ချည်မျှင်များကို ရုပ်ပုံဒီဇိုင်းမျိုးစုံ ပေါ်အောင် ရက်လုပ်နိုင်ပြီး ယင်းအထည်များကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ပါသည်။ တရုတ်ရှေးခေတ်လက်ရာတစ်ခုဖြစ်သည့် ပိုးထည်သည် ရက်ထည်သက်သက် မဟုတ်ဘဲ ယဉ်ကျေးမှုအမှတ်သင်္ကေတအဖြစ်လည်းကောင်း၊ ကျက်သရေဆောင်အဖြစ်လည်းကောင်း ဖြစ...
တရုတ်စာလုံးထွင်းပုံနှိပ်ပညာသည် ထန်ခေတ်(Tang)တွင် စတင်ခဲ့ပြီး စုန့်ခေတ် (Song) တွင် ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ မင်ခေတ် (Ming) ၊ ချင်းခေတ် (Qing) တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ယင်းပညာသည် တူးမြောင်းယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးမြို့တော်ယဉ်ကျေးမှုတို့ကို ပေါင်းစည်းထားခြင်း ဖြစ်သည်။ တရုတ်စာလုံးထွင်းပုံန...
ဗျတ်စောင်း၏ ငြိမ့်ညောင်းသာယာသော ဂီတသံစဉ်သည် သိမ်မွေ့နူးညံ့သော ခံစားမှုကို ပေးစွမ်းနိုင်ပါသည်။ ဗျတ်စောင်းသည် တရုတ်နိုင်ငံ ရှေးခေတ်အခါက တီထွင်ခဲ့သော (၇)ကြိုးတပ်ဂီတတူရိယာ ဖြစ်သည်။ ၂၀၁၆ ခုနှစ်၌ ဟူပေပြည်နယ် (Hubei) တွင် တူးဖော်တွေ့ရှိခဲ့သော ဗျတ်စောင်းသည် ရှေးဟောင်းသုတေသီများ၏ အစောဆုံး ဗျတ်စောင်းရှာဖွေတွေ...
ထိုက်ကျီသိုင်းသည် လေ့ကျင့်သည့်အခါတွင် ဖြည်းဆေးပြီး တိုက်ခိုက်သည့်အခါတွင် လျှပ်စီးကဲ့သို့ လျင်မြန်သည်။ ထိုက်ကျီသိုင်းသည် အခြားသော ကိုယ်ခံပညာရပ်များနှင့် မတူညီဘဲ အတွင်းအားကျင့်စဉ်ကို ပို၍ အလေးပေးသည်။ ထိုက်ကျီ Eight Trigrams နှင့် တရုတ်ရာသီချိန် (၂၄)ခုတို့ မည်သို့ ပတ်သက်မှုရှိနေသည်ကို ယခုအစီအစဉ်မှတစ်ဆင...
ခွန်ချွီအော်ပရာ (Kunqu) သည် သံစဉ်ငြိမ့်ညောင်းခြင်း၊ အဆိုပီပြင်ခြင်း၊ ခံစားသက်ဝင်မှုကောင်းခြင်းများကြောင့် လူကြိုက်အများဆုံး တရုတ်အော်ပရာပြဇာတ် အမျိုးအစားထဲတွင် ပါဝင်လာခဲ့သည်။ နာမည်ကျော် ခွန်ချွီအော်ပရာ “The Peony Pavilion” အား ရေးစပ်ခဲ့သူ Tang Xianzu ကို စာရေးဆရာ Shakespeare နှင့်ပင် ယှဉ်တွဲ၍ ပြောဆိ...
တရုတ်နိုင်ငံသည် လက်ဖက်ခြောက်ဌာနေ ဖြစ်ပြီး တရုတ်နိုင်ငံတောင်ပိုင်း၏ လက်ဖက်ပင်သည် အလွန်ကောင်းမွန်လှသည်။ ရှေးယခင်ခေတ်ကတည်းကပင် လက်ဖက်ရွက်သည် တရုတ်ယဉ်ကျေးမှု၏ ဘက်ပေါင်းစုံတွင် ပါဝင်ခဲ့ပြီး ကဗျာများ၊ တေးသံစဉ်များ၊ အခမ်းအနားပွဲများနှင့် ဓလေ့ထုံးစံများတွင် ပါစမြဲ ဖြစ်သည်။ လက်ဖက်ရည်ကြမ်းပရိသတ်များအနေဖြင့် လ...
ကြွေထည်ပစ္စည်းများသည် လက်ရာအနုစိတ်ပြီး သေသပ်လှပသည်။ ရွှံ့နှင့် မီးတို့ ပေါင်းစပ်ပြုလုပ်ရာမှ ကြွေထည်မြေထည်ပစ္စည်းများ ဖြစ်လာသည်။ တရုတ်နိုင်ငံ နေရာအသီးသီးရှိ ကြွေထည်ဖုတ်ဖိုများသည် ရှာ့ခေတ် (Xia) နှင့် စန်းခေတ် (Shang) မှ စတင်ကာ နှစ်ထောင်ချီကြာ ကာလတစ်လျှောက်လုံး အမြဲမပြတ် ကြွေထည်မြေထည်များကို ထုတ်လုပ်လ...