“မိုးသားနှင့်မြေ တစ်သားတည်းပင်၊ ခံ့ညားအသွင် စံနမူနာပင် - တရုတ်ရှေးခေတ်ဟောင်း တော်ဝင်ဥယျာဉ်အလှ” ဓာတ်ပုံပြပွဲ (အပိုင်း-၂)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-10-31 11:27:39


WeChat Image_20211031093845.jpg


တရုတ်ရှေးခေတ်ဟောင်း တော်ဝင်ဥယျာဉ်သည် တရုတ်နိုင်ငံ၏ ရှေးခေတ်အဆောက်အအုံ ဗိသုကာလက်ရာနှင့် ဥယျာဉ်ခြံဝင်း အနုပညာတို့ကို ပေါင်းစပ်ထားသည့် စံနမူနာ ဖြစ်ပါသည်။ တရုတ်နိုင်ငံ ရှေးခေတ်ဆောက်လုပ်ရေး နည်းပညာလက်ရာ၏ အထွတ်အထိပ်နှင့် သာလွန်ပြောင်မြောက်သော အနုပညာရလဒ်များကို ကိုယ်စားပြုပြီး တရုတ်ရိုးရာယဉ်ကျေးမှု အမှတ်သင်္ကေတ၊ မိုးကောင်းကင်နှင့် လူသား တစ်သားတည်းသား ဟူသည့် ဒဿနအမြင်များ ပါရှိနေပါသည်။


ပေကျင်းရှေးဟောင်းနန်းတော် (Forbidden City) နှင့် ရှန်ရန်ရှေးဟောင်းနန်းတော် (Shenyang Imperial Palace) တို့သည် တင်းကျပ်သော ဖွဲ့စည်းပုံအနေအထားနှင့် ခံ့ညားထည်ဝါသော အနုပညာသဏ္ဌာန်များဖြင့် ဖွဲ့စည်းထားပါသည်။ ပေကျင်း(Beijing) ကောင်းကင်ဘုံကျောင်းတော် (Temple of Heaven) အဆောက်အအုံများသည် တရုတ်ယဉ်ကျေးမှုထုံးစံအရ ရှိခိုးကန်တော့သည့် အဖိုးတန်နေရာ ဖြစ်သည်။ ပေကျင်း(Beijing) နွေရာသီနန်းတော် (Summer Palace) နှင့် ချန်တယ်နွေရှောင်တောင်အပန်းဖြေစခန်း (Chengde Mountain Resort) တို့သည် သဘာဝတောတောင်ရေမြေကို အမှီပြုကာ တော်ဝင်ဥယျာဉ်၏ ခမ်းနားကျယ်ဝန်းမှုကို ဖော်ပြထား၍ တရုတ်ရှေးခေတ်ဥယျာဉ်၏ အနှစ်သာရလက်ရာဟု ခေါ်ဆိုထိုက်ပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ “ကမ္ဘာ့အမွေအနှစ်စာရင်းမှတ်တမ်း” ၌ ထည့်သွင်းခြင်းခံခဲ့ရပါသည်။ ထို့အပြင် ပေကျင်း(Beijing) တွင် ကျင်ဆန်းဥယျာဉ် (Jingshan Park) ၊ ပေဟိုင်ဥယျာဉ် (Beihai Park) ၊ ယွမ်မင်ယွမ်ဥယျာဉ် (Old Summer Palace) ၊ ရှမ်းဆန်းဥယျာဉ် (Fragrant Hills Park)   စသည့် ဆောက်လုပ်မှု သေသပ်လှပ၍ ထူးခြားပြောင်မြောက်သော လက်မှုအနုပညာခံစားချက်များ ပါရှိသည့် ရှေးခေတ်ဟောင်း တော်ဝင်ဥယျာဉ်များလည်း ရှိပါသည်။ 


ဤဓာတ်ပုံပြပွဲသည် ရှေးခေတ်ဟောင်း တော်ဝင်ဥယျာဉ်၏ ဖွဲ့စည်းပုံအနေအထား၊ အဆောက်အအုံ တစ်ခုချင်းစီ၏ တည်ဆောက်ဖွဲ့စည်းမှု၊ ပြင်ဆင်မှုအသေးစိတ်၊ အဆောက်အအုံ အရောင်အသွေး၊ ဥယျာဉ်ရှုခင်း အစရှိသည့် ထူးခြားချက်များကို တင်ဆက်ဖော်ပြရင်း ကြည့်ရှုသူများအား မတူညီသော အမြင်ရှုထောင့်မှနေ၍ တရုတ်ရိုးရာယဉ်ကျေးမှုများကို အမှတ်မထင် သိရှိစေပြီး တရုတ်ရှေးခေတ်ဟောင်း တော်ဝင်ဥယျာဉ်၏ အလှတရားများကို ခံစားစေမည် ဖြစ်ပါသည်။ 


WeChat Image_20211031093855.jpg