၂၀၂၀ ခုနှစ် ကမ္ဘာ့အိုလံပစ်နေ့ - တရုတ်နိုင်ငံ အိုလံပစ်လက်ရွေးစင် အားကစားသမားများအတွက် အွန်လိုင်းမှတစ်ဆင့် အားပေးပွဲ
ဇွန်လ (၂၃) ရက်နေ့သည် ကမ္ဘာ့အိုလံပစ်နေ့ ဖြစ်ပါသည်။ တရုတ်နိုင်ငံ အိုလံပစ်ကော်မတီနှင့် ပေကျင်းဆောင်းရာသီ အိုလံပစ်ကော်မတီတို့ ပူးပေါင်းကျင်းပမည့် “ကြီးမားစွမ်းပကား ဆင့်ကာ ဆက်၍ထိန်းသိမ်းထား” တရုတ်နိုင်ငံ အိုလံပစ် လက်ရွေးစင် အားကစားသမားများအတွက် အွန်လိုင်းအားပေးပွဲကို ယနေ့ ပေကျင်းစံတော်ချိန် ည ၇:၃၀ နာရီ (မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီ) အချိန်တွင် ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။
တရုတ်နိုင်ငံ အားကစားလောကမှ ဂန္တဝင် ဝါရင့် အားကစားသမားဟောင်းကြီးများ၊ အားကစား အမျိုးအစားပေါင်းစုံမှ နိုင်ငံ့လက်ရွေးစင် အသင်းဝင် အားကစားသမားများနှင့် အတူတကွ အွန်လိုင်းတွင် တွေ့ဆုံပြီး ပြည်သူလူထုများအားလုံးကို အားကစားလေ့ကျင့်ရန် စိန်ခေါ်ဖိတ်ကြားမှု ပြုလုပ်ကာ အွန်လိုင်းအိုလံပစ်နေ့ကို အတူမျှဝေခံစားရင်း သင့်ကို မှင်တက်အံ့ဩသွားစေမည့် အနုပညာလောကမှ နာမည်ကျော် အနုပညာရှင်များလည်း ပါဝင်ကြမည်ဖြစ်သည်။
အောက်ပါ QR Code ကို စက္ကန့်အနည်းငယ် ဖိနှိပ်ပြီး Scan ဖတ်၍ Live Show ကို ကြည့်ရှုရင်း အိုလံပစ် လက်ရွေးစင် အားကစားသမားများအတွက် အတူတကွ အားပေးကြပါစို့။