“Covid-19 တိုက်ပွဲအစ တို့များမှ” ကမ္ဘာတစ်ဝန်းမှ ကလေးသူငယ်များ အွန်လိုင်း ပုံပြောပြိုင်ပွဲနှင့် “ယဉ်ကျေးမှုသံတမန်ငယ်” ရှာဖွေချီးမြှင့်ခြင်း လှုပ်ရှားမှုပွဲတွင် ပါဝင်ဆင်နွှဲရန် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဖိတ်ခေါ်ခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 08:39:30

图片


လူသားမျိုးနွယ်ကို နှိပ်စက်ဒုက္ခပေးနေသော Covid-19 အဆုတ်ရောင်ရောဂါသည် ယခုဆိုလျှင် တစ်ကမ္ဘာလုံး၏ ကြီးမားသောအကျပ်အတည်းနှင့် စမ်းသပ်စိန်ခေါ်မှုကြီးတစ်ရပ်အဖြစ် ဖြစ်ပေါ်လျက်ရှိပါသည်။ ကပ်ရောဂါကိုတိုက်ဖျက်အောင်နိုင်ရေးသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ တူညီသောမျှော်လင့်ချက် ဖြစ်ပေသည်။ တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (http://www.sclf.org/en/) မှ ကြီးမှူးကျင်းပသော “Covid-19 တိုက်ပွဲအစ တို့များမှ” ကမ္ဘာတစ်ဝန်းမှ ကလေးလူငယ်များ အွန်လိုင်းပုံပြောပြိုင်ပွဲလှုပ်ရှားမှုသည် ကမ္ဘာ့ဒေသအသီးသီးမှ ကလေးလူငယ်များအတွက် နှီးနှောဖလှယ်မှုများပြုလုပ်နိုင်မည့် ပလက်ဖောင်းကို တည်ဆောက်ပေးခြင်းဖြစ်သည်။ ကပ်ရောဂါတိုက်ပွဲမှ သူရဲကောင်းများအပေါ် လေးစားအားကျမှု၊ ကပ်ရောဂါတိုက်ပွဲ၏ အောင်မြင်ခြင်းဆီသို့ အတူတကွ ရှေ့ဆက်ချီတက်ရန် မျှော်လင့်ခြင်း၊ ချစ်ခင်စည်းလုံးစွာဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးကို  ပေါင်းစည်းဖော်ဆောင်ရေး အစရှိသည့် ဘုံရည်မှန်းချက်တို့ကို ဖော်ထုတ်ပြသနိုင်ရန် ကလေးလူငယ်များကို အားပေးတိုက်တွန်းသွားမည်ဖြစ်သည်။ 


ယခုလက်ရှိ ပြုလုပ်မည့် အွန်လိုင်းပုံပြောပြိုင်ပွဲသည် လက်ရာများစုဆောင်းခြင်းအဆင့်ကို လုပ်ဆောင်လျက်ရှိပြီး ဒေသအသီးသီးမှ ကလေးလူငယ်များ(၈နှစ်မှ ၁၄နှစ်အတွင်း)အားလုံး မိမိတို့၏လက်ရာများကို နာမည်စာရင်းပေးသွင်း၍ တင်ပြနိုင်သောကြောင့် အမြန်ဆုံး ဝင်ရောက်ပါဝင်ကြပါစို့။ သင့်ဘာသာစကားဖြင့် သင့်နိုင်ငံ၏ ရောဂါတိုက်ဖျက်ပုံကို ပြောပြနိုင်သည်၊ သင့်နှလုံးသားထဲမှ ကပ်ရောဂါတိုက်ပွဲဝင် သူရဲကောင်းများအကြောင်း ပြောပြနိုင်သည်၊ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် သင်ပြုလုပ်ခဲ့သည့်အရာများကို ပြောပြနိုင်သည်၊ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအကြောင်းများကို ပြောပြနိုင်သည်။


ပါဝင်ယှဉ်ပြိုင်သူများထဲမှ ကမ္ဘာတစ်ဝန်းရှိ အကောင်းဆုံး “ယဉ်ကျေးမှုသံတမန်ငယ်” ဆယ်ဦးနှင့် ထူးချွန်သည့် “ယဉ်ကျေးမှုသံတမန်ငယ်”များကို ရွေးချယ်ချီးမြှောက်မည်ဖြစ်သည်။ “ယဉ်ကျေးမှုသံတမန်ငယ်” အဖြစ် ရွေးချယ်ခံရသော ကလေးသူငယ်များကို ဂုဏ်ပြုဆုလက်မှတ်များ ချီးမြှင့်သွားမည့်အပြင် ပေကျင်း၌ကျင်းပမည့် လူငယ်နိုင်ငံတကာနှီးနှောဆက်ဆံရေးလှုပ်ရှားမှုပွဲတွင် ပါဝင်ဆင်နွှဲနိုင်မည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။ 


စာရင်းသွင်းရန် လိုအပ်သည့် အချက်အလက်များ


၁။ လျှောက်လွှာ


图片


၂။ ပုံပြင်ဇာတ်ညွှန်း (မြန်မာ-တရုတ် သို့မဟုတ် မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် စာလုံးရေ ၅၀၀-၈၀၀ ထိ)


၃။ ပြိုင်ပွဲဝင်ကလေးငယ်မှ ဇာတ်ညွှန်းအကြောင်းအရာအရ ဗီဒီယိုရိုက်ကူးရန် (မြန်မာ/တရုတ်/အင်္ဂလိပ်နှစ်သက်ရာဘာသာဖြင့်၊ ကိုယ့်နိုင်ငံဒေသကို ကိုယ်စားပြုနိုင်သောနေရာတွင် အကြောင်းအရာတင်ဆက်ရန် အကြံပြုသည်။)


ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ဩဂုတ်လ ၁၅ ရက် ည ၈ နာရီမတိုင်မီ လျှောက်လွှာ၊ ဇာတ်ညွှန်းနှင့် ဗီဒီယိုဖိုင်တို့ကို တရုတ်နိုင်ငံစုန့်ချင်လင်ဖောင်ဒေးရှင်း၏ အီးမေးလ်လိပ်စာ sclsjb@163.com နှင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ အီးမေးလ်လိပ်စာ cccygn@chinaculture.org သို့ ပေးပို့နိုင်ပါသည်။ အီးမေးလ်ပို့သည့်အခါ “နိုင်ငံ(ဒေသ)+ ကျောင်း+ နာမည် + ခေါင်းစဉ်” အပြည့်အစုံရေးသားပေးပို့ရန် လိုအပ်ပါသည်။ 


ဇာတ်ညွှန်းအကြောင်းအရာရိုက်ကူးချိန်တွင် အောက်ပါအချက်များကို သတိပြုရန် အကြံပြုအပ်ပါသည်။


၁။ ဗီဒီယိုရိုက်ကူးချိန်တွင် ဖုန်းကင်မရာအား အလျားလိုက်ထား၍ ရိုက်ကူးပါ။ နောက်ခံတေးသွားထည့်ရန် မလိုပါ။ နောက်ခံရှုခင်းအား အမှတ်တရဖြစ်ပြီး အဓိပ္ပာယ်ရှိသည့် နေရာတွင် ရွေးချယ်ရိုက်ကူးရန် အကြံပြုသည်။ ဇာတ်ညွှန်းအကြောင်းအရာပြောကြားရာတွင် မိမိကိုယ်ကိုမိတ်ဆက်၊ နောက်ခံနေရာကို မိတ်ဆက်ပြီးမှသာ ကိုယ့်ဒေသ၏ ကပ်ရောဂါတိုက်ဖျက်မှုအကြောင်းကို ဆက်လက်ပြောဆိုပါ။ 


၂။ အကယ်၍ ပြိုင်ပွဲဝင်မှ ဗီဒီယိုအတွင်း ပန်းချီ၊ မှင်စုတ်ချက်လက်ရေးလှ စသည့် အနုပညာလက်ရာများ ထည့်သွင်းတင်ဆက်လိုပါက ပန်းချီ၊ မှင်စုတ်ချက်လက်ရေးလှ စသည့် အနုပညာလက်ရာဓာတ်ပုံများကို အီးမေးလ်၌ တစ်ပါတည်း ပူးတွဲပေးပို့ပါ။


၃။ အကယ်၍ ပြိုင်ပွဲဝင်မှ ဗီဒီယိုအတွင်း သီချင်း၊ အက၊ တူရိယာတီးခတ်ခြင်း စသည့် ဖျော်ဖြေမှုလက်ရာများ ထည့်သွင်းလိုပါက ထိုဖျော်ဖြေမှုဗီဒီယိုကိုပါ အီးမေးလ်၌ တပါတည်း ပူးတွဲပေးပို့ပါ။ 


၄။ အကယ်၍ ပြိုင်ပွဲဝင်သည် တရုတ်ဘာသာစကားတတ်ကျွမ်းပါက ဗီဒီယိုထဲတွင် ဖော်ပြပါ။