ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်ရိုးရာအကသင်တန်း” အတွက် သင်တန်းသားများ စတင်ခေါ်ယူနေပါပြီ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2026-07-27 18:32:33


အကဝါသနာရှင်တွေအတွက် သတင်းကောင်းလေးတစ်ခု ရှိပါတယ် ……


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနဲ့ Yuanyi International Dance Academy (YIDA- Beijing Dance Academy  မြန်မာနိုင်ငံပြည်ပစစ်ဆေးမှုဌာန) တို့ ပူးပေါင်းပြီး “တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်း” ကို ဖွင့်လှစ်ပေးသွားမှာ  ဖြစ်ပါတယ်။ ကျွမ်းကျင်အကပညာရှင်ဆရာမတွေနဲ့ တရုတ်ရိုးရာအကကို စနစ်တကျ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး အကအခြေခံမရှိသူများလဲ တက်ရောက်နိုင်တဲ့ သင်တန်းဖြစ်တာမို့ စိတ်ဝင်စားသူတွေအတွက် လုံးဝလက်မလွှတ်သင့်တဲ့ အခွင့်အရေးပါ။ လူပြည့်မြန်တဲ့ သင်တန်းဖြစ်တာမို့လဲ အမြန်ဆုံးလာရောက်စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်ပါရစေ……


သင်တန်းအသေးစိတ်ကို အောက်တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။