ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်သီချင်းဆိုသင်တန်း” အတွက် သင်တန်းသားများ စတင်ခေါ်ယူနေပါပြီ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2026-07-11 14:20:49


တရုတ်သီချင်း နှစ်သက်သူ၊ သီဆိုမှုအတတ်ပညာတွေကို စနစ်တကျ လေ့လာလိုသူတွေအတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာရဲ့ “တရုတ်သီချင်းဆိုသင်တန်း”ကို မကြာမီဖွင့်လှစ်တော့မှာပဲ ဖြစ်ပါတယ်။


ဂီတဝါသနာအိုးလေးတွေအတွက် ဒီသင်တန်းမှာ အသံပိုင်းဆိုင်ရာ လေ့ကျင့်မှု၊ တရုတ်သီချင်းသီဆိုမှုနှင့် ထန်ခေတ်တေးကဗျာ၊ စုန့်ခေတ်စာသား အနုပညာသီချင်းများကို ပေါင်းစပ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ တေးသီချင်းနဲ့ ဘာသာစကားလေ့ကျင့်မှုတို့ကို တစ်ခါတည်း လေ့လာနိုင်မှာဆိုတော့ လူမပြည့်ခင် အမြန်ဆုံးလာရောက် စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်……