“ဂုဏ်ပြုဆင်နွှဲ ဆောင်းဦးလယ်နှင့် တရုတ်အမျိုးသားနေ့ပွဲ” ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ မကြာမီတင်ဆက်မည့် “ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - ဆောင်းဦးလယ်လမုန့်ပွဲတော်” အွန်လိုင်းယဉ်ကျေးမှုသီတင်းပတ်
ဆောင်းဦးလယ်လမုန့်ပွဲတော်သည် တရုတ်တိုင်းရင်းသားလူမျိုးတို့၏ အရေးပါသော ရိုးရာပွဲတော်ဖြစ်သည်။ ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် ပတ်သက်သော ရှေးဟောင်းဒဏ္ဍာရီနှင့် ရင်ကို ထိမိခံစားစေသော ပုံပြင်များရှိပြီး လူသားတို့၏ ချစ်ခင်သင့်မြတ် ပေါင်းစည်းခြင်း၊ လူနေမှုဘဝ သာယာလှပခြင်း မျှော်လင့်ချက်ပုံရိပ်များလည်း ပါရှိနေပေသည်။ ယခုနှစ် ဆောင်းဦးလယ်လမုန့်ပွဲတော်နေ့သည် တရုတ်အမျိုးသားနေ့နှင့် တိုက်နေသောကြောင့် တစ်ရက်တည်းတွင် ပွဲတော်နှစ်ခုကို ဂုဏ်ပြုဆင်နွှဲရမည် ဖြစ်သည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့မှ အောက်တိုဘာလ (၅) ရက်နေ့အထိ WeChat Official Account နှင့် Facebook စာမျက်နှာတွင် “ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - ဆောင်းဦးလယ်လမုန့်ပွဲတော်” ဟူသည့် အွန်လိုင်းယဉ်ကျေးမှု သီတင်းပတ်လှုပ်ရှားမှုကြီးကို တစ်ပြိုင်နက်တည်း တင်ဆက်ပေးသွားမည်ဖြစ်၍ အားလုံး ကြည့်ရှုအားပေးရင်း ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်အပ်ပါသည်။
ယခုတစ်ခေါက် ပွဲတော်လှုပ်ရှားမှုကို ဆောင်းဦးလယ် ရိုးရာဓလေ့ လက်ဆင့်ကမ်းခြင်း၊ ဆောင်းဦးလယ်ယဉ်ကျေးမှု၊ ဆောင်းဦးလယ်နှင့် မျက်မှောက်ခေတ်တရုတ်နိုင်ငံ၊ ဆောင်းဦးလယ်တွင် လည်ပတ်ခြင်း၊ ဆောင်းဦးလယ် ပျော်ရွှင်ဖွယ်ပွဲတော်များ ရှုစားခြင်းစသည့် ခေါင်းစဉ်(၅)မျိုးဖြင့် ကျင်းပသွားမည် ဖြစ်သည်။ ပုံရိပ်ယောင်ပြပွဲ၊ အွန်လိုင်းဂီတပွဲ၊ ရုပ်သံတို၊ တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ အွန်လိုင်းသင်ကြားပို့ချခြင်း၊ အပြန်အလှန် ပါဝင်ဆင်နွှဲခြင်းနှင့် ပရိသတ်များ ပါဝင်နွှဲပျော်ခြင်း စသဖြင့် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ကျင်းပသွားမည် ဖြစ်ပြီး ကမ္ဘာသူကမ္ဘာသားများ ချစ်ခင်သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ကာ လူသားများ၏ ကျန်းမာပျော်ရွှင် စိတ်ချမ်းမြေ့ရေး တောင့်တမျှော်လင့်ချက်များအား ထုတ်ဖော်ပြသသွားမည် ဖြစ်သည်။
ကျွန်ုပ်တို့အားလုံး ယခုအကြိမ် ဆောင်းဦးလယ်လမုန့်ပွဲတော် အွန်လိုင်းယဉ်ကျေးမှုသီတင်းပတ်လှုပ်ရှားမှုမှတစ်ဆင့် အချိန်ကာလယန္တရားကို ကျော်လွန်၍ နိုင်ငံနယ်နိမိတ်စည်းမျဉ်းများကို ဖြတ်ကျော်ကာ ဂြိုဟ်တစ်ခုတည်းပေါ်၌ အတူရပ်လျက် တစ်ခုတည်းသော ငွေသော်တာလမင်းကြီးကို အတူမျှော်ငေးကြည့်ရှုရင်း ရင်တွင်းခံစားချက်များကို ဖွင့်ဟကြပါစို့။ စုံလင်ဆန်းပြားလှသည့် ဆောင်းဦးလယ်လမုန့်ပွဲတော်ကို အတူတူ နွှဲပျော်ဖို့ရန်အတွက် သင့်အား ကျွန်ုပ်တို့မှ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။