“သမိုင်းရေးရာ ပြန်ကာတွေး၊ ငြိမ်းချမ်းစွာ ရှေ့ဆက်စို့လေး” ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် မှတ်တမ်းရုပ်ရှင်ပြသပွဲ
စက်တင်ဘာ(၃)ရက်နေ့တွင် ကျရောက်သော တရုတ်ဖက်ဆစ်တော်လှန်ရေးနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် China Media Group (CMG) တို့မှ ပူးပေါင်းပြီး “သမိုင်းရေးရာ ပြန်ကာတွေး၊ ငြိမ်းချမ်းစွာ ရှေ့ဆက်စို့လေး” မှတ်တမ်းရုပ်ရှင်ပြသပွဲကို ပြုလုပ်သွားမည် ဖြစ်ပါသည်။ ယခုပွဲတွင် မှတ်တမ်းရုပ်ရှင် (၅)ကားကို ပြသသွားမည်ဖြစ်ပြီး ယင်းရုပ်ရှင်များမှတစ်ဆင့် ခက်ခဲကြမ်းတမ်းခဲ့သော အတိတ်နေ့ရက်များကို ပြန်လည်အမှတ်ရရင်း ငြိမ်းချမ်းရေးကို ပိုမိုတန်ဖိုးထားမြတ်နိုးစေနိုင်မည်ဖြစ်၍ လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်အပ်ပါသည်။ ကျောင်းများ၊ လုပ်ငန်းကုမ္ပဏီများအနေဖြင့် အဖွဲ့လိုက် လာရောက်ကြည့်ရှုလိုပါကလည်း စင်တာကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ရုပ်ရှင်ပြသမည့်နေရာ -
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ Multimedia Room
(အမှတ် (၃၉)၊ ဒုတိယထပ်၊ မင်းရဲကျော်စွာလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်)
ဝင်ကြေးအခမဲ့ဖြစ်ပြီး ထိုင်ခုံနေရာမှာ ဦးသူယူစနစ် ဖြစ်ပါသည်။
သတိပြုရန် -
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသို့ လာရောက်လျှင် လာရောက်သူ၏ မှတ်ပုံတင် (သို့) သက်သေခံကတ်ပြား ယူဆောင်လာရန် လိုအပ်ပါသည်။ လုံခြုံရေးအရ စင်တာအတွင်းသို့ မဝင်မီ မိမိနှင့်အတူ သယ်ဆောင်လာသော အိတ်/ပစ္စည်းများကို စစ်ဆေးမှုခံယူပြီးလျှင် ထုထည်ကြီးမားသော ပစ္စည်းများကို လုံခြုံရေးဂိတ်တွင် အပ်နှံခဲ့ရပါမည်။ စင်တာ Multimedia Room သည် ထိုင်ခုံနေရာ အကန့်အသတ် ရှိသဖြင့် ထိုင်ခုံနေရာမှာ ဦးသူယူစနစ်ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။