“ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး ပွဲတော်သဘင်
မကြာခင်မှာ ကျရောက်တော့မဲ့ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို ကြိုဆိုတဲ့အနေနဲ့ “ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပွဲလာပရိသတ်တွေအနေနဲ့ “တရုတ်နှစ်သစ်ကူး ပွဲတော်အငွေ့အသက်များ” ဓာတ်ပုံပြပွဲ၊ “မင်္ဂလာပါ နွေဦးအခါ” ဗီဒီယိုအတို တင်ဆက်ပြသမှုများကို လေ့လာနိုင်မဲ့အပြင် တရုတ်ရိုးရာ ဆေးဆိုးပန်းရိုက်ပညာ၊ စက္ကူအလှညှပ်ပညာ အစရှိတဲ့ တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း ကိုယ်တိုင်ပြုလုပ် လေ့လာနိုင်မယ်။ ဖက်ထုပ်၊ တံတားကူးမြီးရှည် အစရှိတဲ့ တရုတ်ရိုးရာအစားအစာတွေကို မြည်းစမ်းသုံးဆောင်နိုင်မယ်။ ဓာတ်ပုံရိုက်ဝါသနာပါသူများအနေနဲ့လည်း ရှေးခေတ်လူတွေအတိုင်း တရုတ်ရိုးရာဝတ်စုံတွေနဲ့ ကိုယ်တိုင် ဝတ်စားပြင်ဆင်ကြည့်နိုင်မယ်။ ဒါတွေတင်မကသေးဘဲ မီးပုံးစကားထာ၊ တရုတ်ကြက်တောင်ခတ်ခြင်း၊ မြားကို ခွက်ထဲဝင်အောင်ပစ်ခြင်း အစရှိတဲ့ ပျော်ရွှင်ဖွယ် ရိုးရာကစားနည်းမျိုးစုံကိုလည်း စီစဉ်ထားတာမို့လို့ စိတ်ပါဝင်စားသူ မည်သူမဆို အရောက်လှမ်းလာပြီး အတူတကွ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
အချိန် - ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့နှင့် (၆) ရက်နေ့ (မနက် ၁၀း၀၀ မှ ညနေ ၄း၀၀ အတွင်း)
နေရာ - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ
(အမှတ် ၃၉၊ ဒုတိယထပ်၊ မင်းရဲကျော်စွာလမ်း၊ အလုံမြို့နယ်)
Google Map - https://goo.gl/maps/2HEeC5698waCX9JV6
စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်ပါသည်။